သတင်းများ

ဒေးဒရဲမြို့နယ် လုထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကဗျာရေးသားနည်းသင်တန်း ဖွင့်လှစ်
Dec 11,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်များ အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်ရေး၊ ဗလငါးတန်ပြည့်စုံသော အနာဂတ် လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ကဗျာရေးသားနည်းသင်တန်းကို ဒီဇင်ဘာလ (၉)ရက်နေ့ မွန်းလွဲ(၁) နာရီအချိန်ကစတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
သာယာဝတီမြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင် (၁၀၀) ဦးအား တူညီဝတ်စုံများပေးအပ်
Dec 10,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင် (၁၀၀) ဦးအား မီးလောင်ပြင်သုံးနှင့် ရှာဖွေကယ်ဆယ်ရေးသုံး တူညီဝတ်စုံများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်မီးသတ်ဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။
ကြံခင်းမြို့နယ်တွင် မြန်မာနိုင်ငံ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ စားသုံးဆီ တစ်ပိဿာ(၅၄၀၀)ကျပ်နှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေး
Dec 10,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် ဒေသနေပြည်သူများစားသုံးဆီများကို သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူသုံးစွဲနိုင်ရန်  မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားသုံးဆီ တစ်ပိဿာ(၅၄၀၀)ကျပ်နှူန်းဖြင့် ယနေ့နံနက် (၉) နာရီခွဲအချိန်က ရွာသစ်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း အခွန်လွတ်ဈေးရှေ့တွင် ရောင်းချပေးခဲ့သည်။
ဒေးဒရဲမြို့နယ်၌ (Grade- 5) ဘာသာရပ်မေးခွန်းဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပ
Dec 10,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများရှိ (Grade-5)  ဘာသာရပ်သင် ဆရာ၊ ဆရာမများ သင်ကြားရေးဆိုင်ရာလုပ်ငန်းများ ပိုမိုအဆင်ပြေချောမွေ့စွာ သင်ကြားပြသနိုင်ရေးအတွက် မြို့နယ်ပညာရေးဌာနက ဦးဆောင်ကျင်းပ သည့် မြို့နယ်အဆင့် (Grade-5) ဘာသာရပ်မေးခွန်းဆိုင်ရာ ဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ ကရဝိက်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခြေခံပညာအထက်တန်းကျောင်း အ.ထ.က ပြင်ခရိုင်၌ သံဃပူဇနိယပွဲတော်နှင့် တန်ဆောင်တိုင်မီးထွန်းပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပ
Dec 10,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့၊ ပြင်ခရိုင်ကျေးရွာအုပ်စု၊ အ.ထ.က ပြင်ခရိုင် အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းအုပ်ဆရာကြီးအမှူးပြုသော ဆရာ/ဆရာမများ၊ကျောင်းသား/သူများနှင့် ရွာသူ/ရွာသားများစုပေါင်း၍ သံဃပူဇနိယပွဲတော်နှင့် တန်ဆောင်တိုင်မီးထွန်းပွဲတော်ကို ယမန်နေ့ညနေ ၄ နာရီအချိန်တွင် စည်ကားသိုက် မြိုက်စွာကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ကန့်ဘလူမြို့၌ မြို့နယ်အဆင့် ဘက်စုံထူးချွန်(လူရည်ချွန်) ရွေးချယ်ပွဲ ကျင်းပ
Dec 10,2023
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်၌ ၂၀၂၃-၂၀၂၄ပညာသင်နှစ် မြို့နယ်အဆင့် အခြေခံဘက်စုံထူးချွန်(လူရည်ချွန်) ကျောင်းသားကျောင်းသူများ ရွေးချယ်ရေးအစီအစဥ် စာမေးပွဲဖြေဆိုစစ် ဆေးခြင်းကို အ-ထ-က( ၁)(ကန့်ဘလူ)၌ ဒီဇင်ဘာ ၅/၆/၈ ရက်နေ့ များတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထန်းတပင်မြို့နယ်တွင် ဗုဒ္ဓအဘိဓမ္မာ၊ ဋီကာကျော်၊ ဝိသုဒ္ဓိမဂ်စာမေးပွဲစတင်ဖြေဆို
Dec 10,2023
ရန်ကုန်တိုင်းဒေသကြီး၊ သာသနာရေးဦးစီးဌာနမှကြီးမှူး၍ ကျင်းပပြုလုပ်သည့် ဗုဒ္ဓအဘိဓမ္မာ၊ ဋီကာကျော်၊ ဝိသုဒ္ဓိမဂ်စာမေးပွဲကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ အမှတ်(၃‌)ရပ်ကွက်ရှိ လွမ်းစေတီဘုရားကြီးကျောင်းတိုက်တွင် ကျင်းပပြုလုပ်သည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (​MEVM) ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်း ဒုတိယမြောက်နေ့အဖြစ်ဆောင်ရွက်
Dec 10,2023
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် အီလက်ထရောနစ် မဲပေးစက်ဖြင့် မဲပေးခြင်း အသိပညာပေးလုပ်ငန်းနှင့် မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်းကို ဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်း ဒုတိယနေ့ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးအခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်မှ ညနေ ၃ နာရီအချိန်ထိ ဆောင်ရွက်ခဲ့သည်။