ငပုတော ဒီဇင်ဘာ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှု ကျားမအခြေပြု အကြမ်းဖက်မှုပပျောက်ရေး အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင်မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူက ကျား၊ မ အခြေပြု အကြမ်းဖက်ပပျောက်ရေး အသိပညာပေးဆွေးနွေးပွဲ ကျင်းပခြင်းသည် အလွန်အရေးပါသော ဆွေးနွေးပွဲ ဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌ ဒေါ်နီလာထွန်းက အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ ပပျောက်ရေးနှင့်ပတ်သတ်၍ အသိပညာပေးဆွေးနွေးခဲ့သည်။ ဆက်လက်ပြီး လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်သူနိုင်က အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး(၁၆)ရက်တာ လှုပ်ရှားမှု ကျားမအခြေပြု အကြမ်းဖက်မှုပပျောက်ရေးနှင့်ပတ်သတ်၍ အသိပညာပေးရှင်းလင်းပြောကြားခဲ့ သည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ တာဝန်ရှိသူများ လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်အမျိူးသမီးရေးရာ အသင်းအဖွဲ့ဝင်များနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်သူ (ပြန်/ဆက်)