မြောက်ဥက္ကလာပ ဒီဇင်ဘာ ၁၀
မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် ထေရဝါဒဗုဒ္ဓသာသနာထွန်းကားစေရန်ရည်ရွယ်၍ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော အဘိဓမ္မာ စာမေးပွဲနှင့် ဝိသုဒ္ဓိမဂ်စာမေးကို ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင် မြောက်ဥက္ကလာပမြို့နယ် (၂) ရပ်ကွက် သမိုင်းဝင်ဆုတောင်းပြည့် မယ်လမုစေတီတော် သုံးထပ်ဆောင်တွင် ယမန်နေ့ မွန်းတည့် (၁၂) နာရီက ကျင်းပခဲ့သည်။
ထိုသို့ အစိုးရအဘိဓမ္မာစာမေးပွဲ၊ အဘိဓမ္မာဂုဏ်ထူးဆောင် (ဋီကာကျော်) စာမေးပွဲနှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲများ ကျင်းပပြုလုပ်နေမှု အခြေအနေများအား မြို့နယ်သံဃနာယက အဖွဲ့ဥက္ကဋ္ဌ ဆရာတော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လောဟာနှင့်အဖွဲ့ဝင်များက လိုက်လံကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြသည်။
အဆိုပါ စာမေးပွဲများတွင် အဘိဓမ္မာရိုးရိုးဖြေဆိုသူ (၈၇) ဦး၊ အဘိဓမ္မာ ဂုဏ်ထူးဆောင်ဖြေဆိုသူ (၉) ဦးနှင့် ဝိသုဒ္ဓိမဂ် ဖြေဆိုသူ (၅၇) ဦးရှိပြီး ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့မှ ၁၁ ရက်နေ့အထိ နေ့စဉ်မွန်းတည့် (၁၂) နာရီမှ ညနေ (၄) နာရီအထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မြမြဝင်း(ပြန်/ဆက်)