သတင်းများ

လားရှိုးမြို့ရှိ ယာယီနေရပ်စွန့်ခွာသူများအတွက် အသုံးအဆောင်ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများပေးအပ်
Dec 10,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင်ရောက်ရှိနေသည့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယာယီနေရပ်စွန့်ခွာဝန်ထမ်းများအတွက် အသုံးအဆောင်ပစ္စည်းများကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တွဲဖက်ပြည်နယ်ရုံး (လားရှိုး)တွင် ပေးအပ်သည်။
ညောင်ဦးမြို့ အာနန္ဒာဘုရားကြီးအတွင်းရှိ မတ်ရပ်ရုပ်ပွားတော်ကြီးများအား ရွှေသင်္ကန်းကပ်လှူ
Dec 10,2023
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံမြို့ဟောင်းရှိ အာနန္ဒာဘုရားကြီးအတွင်းရှိ မတ်ရပ်ရုပ်ပွားတော်လေးဆူအား ရွှေသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက် ၈ နာရီအချိန်တွင် အာနန္ဒာဘုရားကြီး အရှေ့ဘက်မုခ်အတွင်းရှိ ဂေါဏဂုဏ် မတ်ရပ်ရုပ်ပွားတော်မြတ်ကြီးအား ရွှေသင်္ကန်းဆက်ကပ်လှူ ဒါန်းနေပြီဖြစ်ကာ အနောက်ဘက်မုခ် ဂေါတဘုရားမြတ်စွာဘုရား မတ်ရပ်ရုပ်ပွားတော်ကြီး ရွှေသင်္ကန်းကပ်လှူမှု ရာနှုန်းပြည့်နီးပါးပြီး နေပြီဖြစ်ရာ ယနေ့တွင် အရှေ့ဘက်မုခ် မတ်ရပ်ရုပ်ပွားတော်ကြီး ရွှေသင်္ကန်းစတင် ကပ်လှူနေပြီဖြစ်ကြောင်း ဘုရားအာနန္ဒာဘုရားကြီး ဂေါပကဥက္ကဋ္ဌ ဦးဇော်ဝင်းချိုထံက သိရသည်။
ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် ဆံတော်ရှင်ဆူးလေစေတီတော်ကြီး၏ ဒွါဒဿမအကြိမ်မြောက်၊ ရွှေထီးတော်နှင့်လုံးတော်ပြည့်ရွှေစင်ရွှေပြား၊ မျက်ပါးရွှေသင်္ကန်းတော်များ ကပ်လှူပူဇော်ခြင်းနှင့် ဘက်စုံမွမ်းမံပြုပြင်ခြင်းတို့အတွက် ရေစက်ချမင်္ဂလာအခမ်းအနားတက်ရောက်
Dec 10,2023
ဆံတော်ရှင်ဆူးလေစေတီတော်ကြီး၏ ဒွါဒဿမအကြိမ်မြောက်၊ ရွှေထီးတော်နှင့် လုံးတော်ပြည့် ရွှေစင်ရွှေပြား၊ မျက်ပါးရွှေသင်္ကန်းတော်များ ကပ်လှူပူဇော်ခြင်းနှင့် ဘက်စုံမွမ်းမံပြုပြင်ခြင်းတို့အတွက် ရေစက်ချမင်္ဂလာအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ဆံတော်ရှင်ဆူးလေစေတီတော်ရင်ပြင် ကျက်သရေဆောင်ခန်းမ၌ ကျင်းပခဲ့သည်၊၊
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမြင့်စိုး မိတ္ထီလာမြို့နယ်အတွင်းရှိ ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးပြီး ရက်ကန်းပညာများသင်ယူနေသည့် သင်တန်းသား/သင်တန်းသူများအား ကြည့်ရှုအားပေး
Dec 10,2023
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမြင့်စိုးသည် မိတ္ထီလာမြို့နယ်အတွင်းရှိ ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ရက်ကန်းပညာများသင်ယူနေသည့် သင်တန်းသား/သင်တန်းသူများအား ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း တပ်ကုန်းမြို့နယ် ဌာနဆိုင်ရာများနှင့်တွေ့ဆုံ၊ ဒေသဖွံ့ဖြိုးရေး ကွင်းဆင်းကြည့်ရှု
Dec 10,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်အတွင်း ကုန်ထုတ်လုပ်ငန်းများ တိုးမြှင့်ထုတ်လုပ်ရေးနှင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် နေပြည်တော်ကောင်စီအဖွဲ့ဝင်ဦးဇေယျာလင်းနှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦး ပျဉ်းမနားမြို့နယ်၊ ဆင်သေကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ နေပြည်တော်ကုသရေးဦးစီးဌာနမှ ကွင်းဆင်းဆေးကုသပေးမှုကို ကြည့်ရှုအားပေးပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး
Dec 10,2023
နေပြည်တော်ကုသရေးဦးစီးဌာနမှ ဦးဆောင်၍ ပျဉ်းမနားပြည်သူ့ဆေးရုံကြီးခုတင်(၂၀၀)ဆေးရုံကြီး နှင့် တပ်ကုန်းမြို့ခုတင်(၁၀၀)ဆေးရုံမှ အထူးကုဆရာဝန်များပါဝင်သော အဖွဲ့သည် ယမန်နေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပျဉ်းမနားမြို့နယ် ဆင်သေကျေးရွာ အခြခံပညာအထက်တန်းကျောင်းခွဲ၌ ဒေသခံပြည်သူများအား ကွင်းဆင်း၍ အခမဲ့ဆေးကုသပေးပြီး ကျန်းမာရေးစောင့်ရှောက်ပေးနေမှုကို နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော် ကောင်စီအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုအားပေးသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် ဒီဇင်ဘာအားကစားလ ဒုတိယပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲအင်အား ၄၀၀၀ ကျော် တပျော်တပါးပါဝင်ဆင်နွှဲ
Dec 10,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ဒီဇင်ဘာအားကစားလ ဒုတိယပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယမန်နေ့နံနက်ပိုင်းတွင် မုံရွာမြို့၊ အနောက်ဘက်ကန်သာယကန်တွင်ကျင်းပရာ လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးတရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှဝန်ထမ်းများ၊ မြို့နေပြည်သူများနှင့် အားကစားကိုချစ်မြတ်နိုးသူများ တက်ရောက်ကြသည်။