ဝါးခယ်မမြို့ ပြည်သူ့ဆေးရုံတွင် မြောင်းမြပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ၏ အခမဲ့ ကွင်းဆင်းဆေးကုသ
Dec 10,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့၊ ဆေးရုံရပ်ကွက်၊ မြူရုံးလမ်းရှိ ဝါးခယ်မပြည်သူ့ဆေးရုံ (ခုတင်-၅၀)သို့ မြောင်းမြပြည့်သူ့ဆေးရုံ (ခုတင်-၂၀၀) မှ ဒေါက်တာ ထွန်းထွန်းဝင်း(ဆေးရုံအုပ်ကြီး) ပါအထူးကုသမားတော် (၁၁) ဦး၊ သူနာပြု(၁၁)ဦး၊ အကူသူနာပြု (၄) ဦး၊ အထွေထွေ (၁၁) ဦး၊ စုစုပေါင်း (၃၇) ဦးတို့သည် ယမန်နေ့ နံနက် ၈ နာရီခွဲအချိန်တွင် မြောင်းမြမြို့မှရောက်ရှိလာပြီး ဆေးရုံတက်လူနာများနှင့် ပြင်ပလူနာများအား အခမဲ့ဆေးဝါးကုသပေးခဲ့ကြောင်း သိရသည်။