သတင်းများ

ပဲခူးမြို့၌ (၂၀၂၃) ခုနှစ် အစိုးရအဘိဓမ္မာနှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲကျင်းပ
Dec 10,2023
ပဲခူးမြိုနယ်တွင် သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပပြုလုပ်သည့် အဘိဓမ္မာဂုဏ်ထူးဆောင်နှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲတို့ကို ယမန်နေ့မွန်းတည့်(၁၂)နာရီအချိန်က ပဲခူးမြို့ ဥဿာသီရိစာသင်တိုက်၏ စာဖြေဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
မိုင်းဖြတ်မြို့နယ်၌ မြို့နယ်အုပ်ချုပ်​ရေးမှူးဖလား ရပ်ကွက်/​ကျေးရွာ​ပေါင်းစုံ အမျိုးသား​ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်း အနား ကျင်းပ
Dec 10,2023
ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်အုပ်ချုပ်​ရေးမှူးဖလား အသက်(၂၅)နှစ်​အောက် ရပ်ကွက်နှင့်ကျေးရွာ​ပေါင်းစုံ အမျိုးသား ​ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်​နေ့ မွန်းလွဲ ၃ နာရီအချိန်က မြို့မအားကစားကွင်း၌ ကျင်းပခဲ့​ကြောင်း သိရသည်။
ညောင်တုန်းမြို့နယ်အတွင်း ဆောင်းသီးနှံ၊ နေကြာနှင့် ပိုက်ဆံလျှော် လျာထားချက်ပြည့်မီ‌ ကျော်လွန်စွာ စိုက်ပျိုးနိုင်ရေးတွေ့ဆုံဆွေးနွေး
Dec 10,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်း ဆောင်းသီးနှံ၊ နေကြာနှင့် ပိုက်ဆံလျှော် လျာထားချက်ပြည့်မီ‌ကျော်လွန်စွာ စိုက်ပျိုးနိုင်ရေး တွေ့ဆုံဆွေးနွေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ် ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဆောင် ရွက်ခဲ့သည်။
တာချီလိတ်မြို့၌ အဘိဓမ္မာနှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲကျင်းပ
Dec 10,2023
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပသော ၂၀၂၃ ခုနှစ်၊ အဘိဓမ္မာနှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲကို ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ် ဓမ္မာရုံ၌ ယမန်နေ့ မွန်းတည့် (၁၂) နာရီက ကျင်းပပြုလုပ်သည်။
စဉ့်ကူးမြို့တွင် မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေး ကိုယ်ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲများ ကျင်းပ
Dec 10,2023
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မြို့နယ်အဆင့် လူရည်ချွန် ရွေးချယ်ရေးပြိုင်ပွဲများကို ကျင်းပလျက်ရှိရာ ယမန်နေ့ နံနက် (၈)နာရီအချိန်မှစ၍ ကိုယ်ကာယကြံ့ခိုင်မှုအတွက် အားကစားပြိုင်ပွဲများကို စဉ့်ကူးမြို့ အခြေခံပညာအထက်တန်းကျောင်း အားကစားကွင်းနှင့် ရွှေရတုခန်းမတို့တွင် ကျင်းပခဲ့သည်။
အေးချမ်းတဲ့ ဆောင်းရာသီကာလ ဒီဇင်ဘာ ဒုတိယပတ် လူထုစုပေါင်း လမ်းလျှောက်ပွဲနှင့် အားကစားပြိုင်ပွဲများကျင်းပ
Dec 10,2023
တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ဒုတိယပတ် လူထုစုပေါင်း လမ်းလျှောက်ပွဲနှင့် အားကစားပြိုင်ပွဲများကို ဒီဇင်ဘာလ (၉) ရက် နံနက် (၆) နာရီက တောင်ကြီးမြို့၊ စူဠာမုနိဘုရားအနီးရှိ လမ်းဆုံမှ ဗိုလ်ချုပ်အောင်ဆန်းလမ်းအတိုင်း လျှောက်လာကြပြီး ပြည်နယ်အားကစာကွင်း၌ သွေးပူလေ့ကျင့်ခန်း ပြုလုပ်ကြောင်း သိရသည်။
ယင်းမာပင်မြို့တွင် လူထုလမ်းလျှောက်ပွဲနှင့်  အားကစားပြိုင်ပွဲ ကျင်းပ
Dec 10,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့တွင် ဒီဇင်ဘာအားကစားလ လူထုစုပေါင်း လမ်းလျှောက်ပွဲနှင့် ၇၆ နှစ်မြောက် လွတ်လပ်ရေးနေ့အကြို စားပွဲတင်တင်းနစ် အားကစားပြိုင်ပွဲကို ယမန်နေ့နံနက် ၆ နာရီအချိန်က ခရိုင်စုပေါင်းရုံးအတွင်း ကျင်းပပြုလုပ်ခဲ့သည်။
တီးတိန်မြို့၌ လူငယ်စကားဝိုင်း ပြုလုပ်
Dec 10,2023
ချင်းပြည်နယ် တီးတိန်မြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်၊ အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံဖြိုးရေးအတွက် ရည်ရွယ်လျက် လူငယ်စကားဝိုင်းကို ဒီဇင်ဘာလ ၈ ရက် မွန်းလွဲ ၂ နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း တီးတိန်စံကိုက်ညီကျောင်းဆောင်၌ ပြုလုပ်သည်။