သတင်းများ

ကော့သောင်းမြို့နယ်တွင် ခရိုင်အဆင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနား ပြုလုပ်
Dec 10,2023
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကာကွယ်ရေး စုပေါင်းရင်းနှီးမြှုပ်နှံပေး ဆောင်ပုဒ်နှင့်အညီ အမျိုးသမီးများအပေါ်အကြမ်းဖက်မှု ပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၌ အသံမစဲမဟာပဋ္ဌာန်းသိမ်းအောင်ပွဲ အခမ်းအနားကျင်းပ
Dec 10,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ရဟန်းရှင်လူ၊ ပြည်သူအများဘေးအန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ အသံမစဲမဟာပဋ္ဌာန်း ဒေသနာတော်မြတ်ရွတ်ဖတ်ပူဇော်ပွဲ ပိတ်ပွဲအခမ်းအနားကို အမှတ်(၉၃)ရပ်ကွက်၊ အောင်သုခပရိယတ္တိ စာသင်တိုက်၌ ယမန်နေ့ညနေ (၅)နာရီက ကျင်းပခဲ့သည်။
တောင်ကြီးမြို့၌ နဝမအကြိမ်မြောက် သက်ကြွယ်တွေ့ဆုံပွဲကျင်းပ
Dec 10,2023
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် အသက်(၆၀)နှစ် အထက် ကျား/မ မရွေး လူမျိုး ဘာသာ အဆင့်အတန်းမရွေး အားလုံးပါဝင်နိုင်သော နဝမအကြိမ်မြောက် သက်ကြွယ်များဆုံစည်းရာ သက်ကြွယ်တွေ့ဆုံပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre) ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်သည်။
ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၌ အခြေခံ‌‌ရှေးဦးပြုစုခြင်းသင်တန်းဖွင့်လှစ်
Dec 10,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့နံနက် ၉ နာရီက ကျောင်းသား/ကျောင်းသူများ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့်ပတ်သက်၍ အသိပညာဗဟုတများရရှိစေရန် ရည်ရွယ်၍ အခြေခံရှေးဦးပြုစုခြင်းသင်တန်းဖွင့်လှစ်ကြောင်း သိရသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မွန်ပြည်နယ်ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေး ဆပ်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်
Dec 10,2023
မွန်ပြည်နယ်အတွင်းလယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်း၊ စက်မှုလုပ်ငန်း၊ တည်ဆောက်ရေးလုပ်ငန်း၊ ဆက်သွယ်ရေးလုပ်ငန်းနဲ့ ရေလုပ်ငန်းတွေ အပါအဝင် အခြားလုပ်ငန်းကဏ္ဍများတွင် စက်သုံးဆီပြတ်လပ်မှုမရှိစေရေးအတွက် မွန်ပြည်နယ်ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများ ထိန်းသိမ်း ကြီးကြပ်ရေး ဆပ်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ ၁၀ ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ အသေးစားနှင့်အလတ်စား စက်သုံးဆီဆိုင်ရာ လုပ်ငန်းကော်မတီဝင်များ၊ စက်သုံးဆီ တင်သွင်း၊ ဖြန့်ဖြူးရောင်းချရေးအသင်းများ ဖိတ်ကြားထားသူများ တက်ရောက်သည်။
ဒေးဒရဲမြို့နယ် အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေရေး နယ်လှည့်ဟောပြောပွဲနှင့် အသိပညာပေး နံရံကပ်စာစောင်များပြသ
Dec 10,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများ တိုးပွားစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်နိုင်ရေးရည်ရွယ်၍ နယ်လှည့်အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များ ပြသခြင်းများကို ဒီဇင်ဘာလ (၈) ရက်နေ့ မွန်းလွဲ (၂) နာရီက (မြို့မ) အခြေခံပညာမူလတန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာလူထုအားကစားလ ဒုတိယပတ်စုပေါင်းလမ်းလျှောက်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ပါဝင်ဆင်နွှဲ၊ ဝန်ကြီးဌာနပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားတက်ရောက်
Dec 10,2023
တစ်မျိုးသားလုံးကျန်းမာသန်စွမ်းပြီး ကိုယ်လက်ကြံ့ခိုင်ရေးအတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဒီဇင်ဘာလအား လူထုလှုပ်ရှားအားကစားလအဖြစ်သတ်မှတ်၍ နှစ်စဉ်နှစ်တိုင်း စုပေါင်းလမ်းလျှောက်ပွဲကို ပြုလုပ်လျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင်လည်း စုပေါင်းလမ်းလျှောက်ပွဲကို ယမန်နေ့နံနက်ပိုင်းက ရွှေရုပ်တုအဝိုင်းရှေ့၌ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများ၊ ဌာနဆိုင်ရာများ၊ ပြည်သူများပါဝင်ဆင်နွှဲခဲ့ကြသည်။
ရွှေတိဂုံစေတီတော် (၁၀၅) ကြိမ်မြောက် စေတိယင်္ဂဏပရိယတ္တိဓမ္မာနုဂ္ဂဟ စာလျှောက်မေးပွဲကျင်းပ
Dec 10,2023
ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့သည် စေတီတော်မြတ်ကြီးနှင့် ထေရဝါဒဗုဒ္ဓသာသနာတော် အဓွန့်ရှည်တည်တံ့စေရန် ရည်သန်လျက် ထိန်းသိမ်းစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာတွင် သာသနာတော်(၃)ရပ်တွင် တစ်ခုအပါအဝင်ဖြစ်သည့် ပရိယတ္တိသာသနာတော် ထွန်းကားပြန့်ပွားစေရန်ရည်ရွယ်၍ စေတိယင်္ဂဏပရိယတ္တိ ဓမ္မာနုဂ္ဂဟစာလျှောက်မေးပွဲများကို နှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိရာ ယခု ၂၀၂၃ ခုနှစ်တွင် (၁၀၅)ကြိမ်မြောက်အထိ ရောက်ရှိကျင်းပနိုင်ခဲ့ပြီဖြစ်သည်။