အခြေခံပညာအလယ်တန်းအဆင့်ပြီးမြောက်ကြောင်း ဘာသာရပ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

ကျိုက်မရော ဒီဇင်ဘာ ၁၀

၂၀၂၃-၂၀၂၄ ခုနှစ်၊ ပညာသင်နှစ် အခြေခံပညာအလယ်တန်းအဆင့်ပြီးမြောက်ကြောင်း ဘာသာရပ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲနှင့် မြို့နယ်အဆင့် ဆင့်ပွားသင်တန်းကို ယနေ့နံနက် ၉ နာရီက အ.ထ.က ကျိုက်မရောကျောင်း(ပညာအားမာန်)ခန်းမ၌  ပြုလုပ်သည်။

ဦးစွာ အခြေခံပညာ Grade-9 ဘာသာရပ်ဆိုင်ရာ မေးခွန်းပုံစံနှင့် အမှတ်ပေးစည်းမျဥ်းများနှင့်ပတ်သက်၍ နည်းပြဆရာ (၁၈) ဦးတို့က ဘာသာရပ်အလိုက် သင်ကြားပို့ချနေသော Grade-9 အတန်းသင်ဆရာ၊ ဆရာမများအား ဆွေးနွေးပို့ချခဲ့သည်။

အဆိုပါ Grade-9 ဘာသာရပ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ ကျိုက်မရောမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများမှ အ.ထ.က၊ အ.ထ.က (ခွဲ)၊ အ.လ.က၊ အ.လ.ကခွဲ ကျောင်းအုပ်ဆရာမကြီးများနှင့် ဘာသာရပ်ဆိုင်ရာ  ဆရာ၊ ဆရာမ စုစုပေါင်း (၅) ဦး သင်တန်းသား၊ သင်တန်းသူ (၂၃၀) ဦးတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မိချို  ( ကျိုက်မရော)