မော်လမြိုင်ကျွန်း ဒီဇင်ဘာ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ ဆောင်းသီးနှံ (နေကြာ) မျိုးစေ့ချပွဲကို ယနေ့နံနက် (၉) နာရီအချိန်က လပွတ္တလုတ်ကြီးကျေးရွာအုပ်စု၊ လပွတ္တလုတ်ကြီးကျေးရွာရှိ လယ်မြေတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အဆိုပါ မျိုးစေ့ချပွဲကို လပွတ္တာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မျိုးညွှန့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော်တို့က လပွတ္တလုတ်ကြီးကျေးရွာရှိ တောင်သူ ဦးသန်းကြွယ်၏ လယ်မြေ ဦးအပိုင်အမှတ် (၃/၉)၊ ကွင်းအမှတ် (၁၂၆၈/က)၊ (၆) ဧကတွင် ဆီထွက်သီးနှံ(နေကြာ) စိုက်ပျိုးမည့် လယ်ဧကများ၊ နေကြာစိုက်ခင်းများကို ကြည့်ရှူစစ်ဆေးပြီး အချိန်မီ စိုက်ပျိုးနိုင်ရေးအတွက် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။ မော်လမြိုင်ကျွန်းမြို့နယ်တွင် စားသုံးသူရိက္ခာဖူလုံစေပြီး တောင်သူများ အချိန်တိုအတွင်း အကျိုးအမြတ်ရရှိနိုင်မည့် ဆင်းရွှေကြာ(နေကြာ)စိုက်ပျိုးမှုဖြစ်ကြောင်း၊ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ဓာတ်မြေသြဇာသွင်းအားစုများကို သက်သာသည့်စျေးနှုန်းဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်းနှင့် ဆီထွက်သီးနှံ(နေကြာ)ကို (၁) ဧကလျှင် (၄) ပြည်နှုန်းဖြင့် စိုက်ပျိုးရန်လျာထားကြောင်း စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမောင်မောင်သွင်ထံမှ သိရသည်။
ရဲကိုမောင် (ပြန်/ဆက်)