သတင်းများ

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Dec 11,2023
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ သတ်မှတ်မြို့နယ် (၅)မြို့နယ်တွင် ကျေးလက်နေ ပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို  ဒီဇင်ဘာလ ၉ ရက်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၁)တွင် ပြုလုပ်ခဲ့သည်။
နမ့်စန်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာဆွေးနွေးပွဲ ဆောင်ရွက်
Dec 11,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ‘ကမ်းလက်မေတ္တာ’ လူမှုဖွံ့ဖြိုးရေးအဖွဲ့က ဆောင်ရွက်သည့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာနှင့် ကျား/မအခြေပြု အကြမ်းဖက်မှုဆိုင်ရာဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့သစ်မြို့၌ ပလတ်စတစ်သုံးစွဲမှုလျော့ချရေး အသိပညာပေးလုပ်ငန်းများ ပုံမှန် ဆောင်ရွက်
Dec 11,2023
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၌ ပလတ်စတစ်သုံးစွဲမှုလျော့ချရေး အသိပညာပေးလုပ်ငန်းများကို မြို့သစ်မြို့၊ မြို့မစျေး၌ ယနေ့နံနက် ၇ နာရီက ဆောင်ရွက်ခဲ့သည်။
တိုင်းဒေသကြီးဝန်ကြီးချုပ် ရေကြည်မြို့နယ်အတွင်းရှိ ဟင်းသီးဟင်းရွက်စိုက်ခင်းများနှင့် စိုက်ပျိုးရေးလုပ်ငန်းများအား ကြည့်ရှုအားပေး
Dec 11,2023
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက ရေကြည်မြို့နယ်အတွင်းရှိ ဟင်းသီးဟင်းရွက်စိုက်ခင်းများနှင့် စိုက်ပျိုးရေးလုပ်ငန်းများအား ကြည့်ရှုအားပေးခဲ့သည်။
မိုင်းကိုင်မြို့နယ်၌ ပြည်သူ့ဆေးရုံသုံးပစ္စည်းနှင့် အခြေခံပညာအထက်တန်းကျောင်းအတွက် သင်ထောက်ကူပစ္စည်းများ ပေးအပ်လှူဒါန်းပွဲ ကျင်းပ
Dec 11,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ် ပြည်သူ့ဆေးရုံအတွက် ဆေးရုံသုံးပစ္စည်းများနှင့် အခြေခံပညာအထက်တန်းကျောင်းအတွက် သင်ထောက်ကူပစ္စည်းများ ပေးအပ်လှူဒါန်းပွဲကို ယမန်နေ့နေ့လည်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းခန်းမ၌ ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် အလှူရှင် ရွှေတောင်ဖွံ့ဖြိုးတိုးတက်မှုကုမ္ပဏီလီမိတက် (ကိုယ်စား) တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
သရက်မြို့၌ ပလတ်စတစ်သုံးစွဲမှုလျော့ချရေး အင်ဖက်များ အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်
Dec 11,2023
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလတ်စတစ်အိတ် လျော့နည်းသုံးစွဲစေရန် ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာရေး မြို့မဈေးအတွင်း ဈေးရောင်း၊ ဈေးဝယ်ပြည်သူများအား ပလတ်စတစ်ကြွတ်ကြွတ်အိတ်အစား ငှက်ပျောဖက်၊ အင်ဖက် စက္ကူအိတ်များ အသုံးပြုနိုင်ရေး အသိပညာပေးခြင်း Campaign နှင့် အင်ဖက်များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့ နံနက်(၈:၃၀)နာရီက မြို့မဈေးအတွင်း ဆောင်ရွက်ခဲ့သည်။
မြစိမ်းရောင်(အသားကဏ္ဍ) ကျေးရွာစီမံကိန်းအကြောင်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာမြစိမ်းရောင် (အသားကဏ္ဍ) ရန်ပုံငွေကြီးကြပ်မှုကော်မတီ ဖွဲ့စည်း
Dec 11,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ဇီးဖြူကွင်းကျေးရွာအုပ်စု၊ ကံကုန်းကျေးရွာ၊ ဘုရားရှိခိုးကျောင်းခန်းမ၌ မြစိမ်းရောင် (အသားကဏ္ဍ) ကျေးရွာစီမံကိန်းအကြောင်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာမြစိမ်းရောင် (အသားကဏ္ဍ) ရန်ပုံငွေကြီးကြပ်မှုကော်မတီ ဖွဲ့စည်းခြင်း အခမ်းအနားကို ဒီဇင်ဘာလ ၉ ရက်နေ့၊ နံနက် ၉ နာရီ ၁၅ မိနစ်အချိန်က ကျင်းပခဲ့သည်။
ရေနံချောင်းမြို့၌ အစိုးရအဘိဓမ္မာနှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲ ကျင်းပ
Dec 11,2023
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ် အစိုးရအဘိဓမ္မာနှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲကို မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် သုံဆယ့်ခြောက်ကျေးရွာအုပ်စု ဂျုပ်ပင်ရွာဦးကျောင်းဓမ္မာရုံ စာဖြေဌာနတွင် ဒီဇင်ဘာလ ၉ ရက်နေ့ မွန်းလွဲ ၁ နာရီက ကျင်းပသည်။