ညောင်တုန်း ဒီဇင်ဘာ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်း ဆောင်းသီးနှံ၊ နေကြာနှင့် ပိုက်ဆံလျှော် လျာထားချက်ပြည့်မီကျော်လွန်စွာ စိုက်ပျိုးနိုင်ရေး တွေ့ဆုံဆွေးနွေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ် ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဆောင် ရွက်ခဲ့သည်။
တွေဆုံနွေးနွေးရာတွင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်စိုက်ပျိုးထုတ်လုပ်မှု တိုးတက် မြင့်မားရေးကြီးကြပ်မှုကော်မတီ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီတို့နှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးရေးတာဝန်ခံများ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများနှင့်တွေ့ဆုံ၍ ဆောင်းသီးနှံ၊ နေကြာ၊ ပိုက်ဆံလျှော်များအား လျာထားချက်ပြည့်မီ ကျော်လွန်အောင် စိုက်ပျိုးနိုင်ရေးအတွက် လိုအပ်သည်များကိုလမ်းညွှန်မှာကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီမှ မြို့နယ်အတွင်း ဆောင်ရွက်နေမှုအခြေနေ များကို ပြန်လည်ဆွေးနွေး တင်ပြခဲ့သည်။
ထို့နောက် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီနှင့် မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကြီးကြပ်မှုကော် မတီတို့က မြို့နယ်အတွင်းရှိ နေကြာသီးသန့် စိုက်ပျိုးရန်အတွက် မြေပြင်ဆောင်ရွက်နေမှုနှင့် ပိုက်ဆံလျှော် စိုက်ပျိုးထားရှိမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)