မိုင်းဖြတ်မြို့နယ်၌ မြို့နယ်အုပ်ချုပ်​ရေးမှူးဖလား ရပ်ကွက်/​ကျေးရွာ​ပေါင်းစုံ အမျိုးသား​ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်း အနား ကျင်းပ

မိုင်းဖြတ်  ဒီဇင်ဘာ ၁၀

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်အုပ်ချုပ်​ရေးမှူးဖလား အသက်(၂၅)နှစ်​အောက် ရပ်ကွက်နှင့်ကျေးရွာ​ပေါင်းစုံ အမျိုးသား ​ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်​နေ့ မွန်းလွဲ ၃ နာရီအချိန်က မြို့မအားကစားကွင်း၌ ကျင်းပခဲ့​ကြောင်း သိရသည်။

ရှေးဦးစွာ အသက်(၂၅)နှစ်​အောက်  ​ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ဟိုနား(​စောမွန်)အသင်းနှင့် ကွက်သစ်အသင်းတို့ယှဥ်ပြိုင်ကစားခဲ့ရာ ဟိုနား​(​စောမွန်) အသင်းက ကွက်သစ်အသင်းကို (၃)ဂိုး (၁)ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။

ဆက်လက်၍ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ကျင်းပပြုလုပ်ရာ မြို့နယ်အုပ်ချုပ်​ရေးမှူး ဦးညီညီ​အောင်၊မြို့နယ်ရဲတပ်ဖွဲမှူး ရဲမှူး တင်​အောင်နှင့် တာဝန်ရှိသူများက ​ဘောလုံးပြိုင်ပွဲတွင် ပထမဆု ရရှိခဲ့သည့် ဟိုနား​(စောမွန်)၊ ဒုတိယဆုရရှိခဲ့သည့် ကွက်သစ်အသင်းနှင့် ​နေရာအလိုက် အ​ကောင်း ဆုံးအားကစားသမားဆုများအားလည်း​ကောင်း၊  ခြင်းလုံးပြိုင်ပွဲတွင်   ပထမဆုသာသနာ​ရေး၊ ဒုတိယဆု စသုံးလုံးအသင်းတို့အား ဂုဏ်ပြုဆု​ငွေနှင့် ဆုဖလားတို့အားလည်း​ကောင်း အသီးသီး​ပေးအပ်ချီးမြှင့်ခဲ့ကြ​ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)