ပဲခူးမြို့၌ (၂၀၂၃) ခုနှစ် အစိုးရအဘိဓမ္မာနှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲကျင်းပ

ပဲခူး ဒီဇင်ဘာ ၁၀

ပဲခူးမြိုနယ်တွင် သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပပြုလုပ်သည့် အဘိဓမ္မာဂုဏ်ထူးဆောင်နှင့် ဝိသုဒ္ဓိမဂ် စာမေးပွဲတို့ကို ယမန်နေ့မွန်းတည့်(၁၂)နာရီအချိန်က ပဲခူးမြို့ ဥဿာသီရိစာသင်တိုက်၏ စာဖြေဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါစာမေးပွဲများကို ဒီဇင်ဘာလ ၉ ရက်နေ့မှ ၁၁ ရက်နေ့အထိ အဆင့်သုံးဆင့်သတ်မှတ်ကာ သုံးရက်ကြာ ကျင်းပသွားမည်ဖြစ်ပြီး အဘိဓမ္မာရိုးရိုးစာမေးပွဲကို  (၂၁)ဦး၊ အဘိဓမ္မာ ဂုဏ်ထူးဆောင်စာမေးပွဲကို (၃)ဦး စု‌စုပေါင်း(၂၄)ဦး လာရောက်ဖြေဆိုခဲ့ကြ‌ပြီး စာမေးပွဲကြီးကြပ်အဖွဲ့များ၊ ဘာသာရေးအသင်းအဖွဲ့များနှင့် တာဝန်ရှိသူတို့က လိုအပ်သည်တို့ကို ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရှိရသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)