တောင်ကြီး ဒီဇင်ဘာ ၁၀
တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ဒုတိယပတ် လူထုစုပေါင်း လမ်းလျှောက်ပွဲနှင့် အားကစားပြိုင်ပွဲများကို ဒီဇင်ဘာလ (၉) ရက် နံနက် (၆) နာရီက တောင်ကြီးမြို့၊ စူဠာမုနိဘုရားအနီးရှိ လမ်းဆုံမှ ဗိုလ်ချုပ်အောင်ဆန်းလမ်းအတိုင်း လျှောက်လာကြပြီး ပြည်နယ်အားကစားကွင်း၌ သွေးပူလေ့ကျင့်ခန်း ပြုလုပ်ကြောင်း သိရသည်။
အဆိုပါ လူထူစုပေါင်းလမ်းလျှောက်ခြင်းကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ဦးဆောင်ပြီး စူဠာမုနိဘုရားမှ ဗိုလ်ချုပ်အောင်ဆန်းလမ်းအတိုင်း လမ်းလျှောက်ကြ၍ ပြည်နယ်အားကစားကွင်း၌ စုပေါင်းကိုယ်လက်သွေးပူလေ့ကျင့်ခန်း အတွဲ(၁) အမှတ်(၂) ပြုလုပ်ကြပြီး အကြောဖြေ လေ့ကျင့်ခန်းများ ဆောင်ရွက်ကြသည်။
ဒီဇင်ဘာ လူထုစုပေါင်းလမ်းလျှောက်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပေဒချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တောင်ကြီးပညာရေး ဒီဂရီကောလိပ်မှ ဆရာ၊ ဆရာမများ၊ အားကစားနှင့် ကာယာပညာ(သိပ္ပံ)မှ ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ တစ်ပျော်တစ်ပါး ပါဝင်လမ်းလျှောက်ကြပြီး အားကစားပြိုင်ပွဲများ ကျင်းပ၍ ကံစမ်းမဲများ ဖေါက်ပေးကာ ဆုမဲပေါက်သူများအား ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးကြကြောင်း သိရသည်။
စိုင်းအယ်ဘဲ