သတင်းများ

မုဒုံမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး၊ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များ ပြသခြင်း ဆောင်ရွက်
Dec 12,2023
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ကျောင်းသား/သူများ အသိပညာဗဟုသုတတိုးပွားစေရန်အတွက် အသိပညာပေးဟောပြောခြင်း၊ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် နံရံကပ်ပိုစတာ ပြသဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၁၀ နာရီက အမှတ်(၂)  အ.မ.က(ကျိုက်ရွဲ) စာသင်ကျောင်း၌ ပြုလုပ်သည်။
ကျောက်ဆည်မြို့တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် စာစီစာကုံး၊ ကျပန်းနှင့်ကဗျာပြိုင်ပွဲများ ကျင်းပ
Dec 12,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ အမှတ်(၁)အခြေခံပညာကျောင်းနှင့် မြို့နယ်ပညာရေးမှူးရုံးအစည်းအဝေးခန်းမတို့တွင် ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြင့်မားရေး၊ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်း အမှတ် အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သရက်ချောင်းမြို့၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ၊ ပြိုင်ပွဲများ၊ နံရံကပ် စာစောင်ပြပွဲနှင့် စာအုပ်စာစောင်များ ခင်းကျင်းပြသခြင်းပြုလုပ်
Dec 12,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre) ခန်းမ၌ ကျောင်းသား/သူများ ဗလငါးတန်ဖွံ့ဖြိုး တိုးတက်စေရန်၊ ဉာဏ်ရည်/ရည်သွေးထက်မြက်စေရန်၊ ကာယစွမ်းရည်မြှင့်မားစေရန်၊ အချိန်ကို အကျိုးရှိစွာ အသုံးချတက်စေရန်ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီအချိန်က (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ ပြိုင်ပွဲများ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်/စာစောင်များခင်းကျင်းပြသခြင်းများပြုလုပ်ခဲ့သည်။
ညောင်ဦးခရိုင်တွင် ဇီဝဆိုင်ရာအချက်အလက် ကောက်ယူစိစစ်ခြင်းနှင့် Unique ID ထုတ်ပေးခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိရာ ၃၇၃၈၄ ဦးဆောင်ရွက်ပြီးစီး
Dec 12,2023
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်တွင် ဒီဇင်ဘာ ၁၂ ရက်ထိ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဇီဝဆိုင်ရာ အချက်အလက်ကောက်ယူစိစစ်ခြင်းနှင့် Unique ID ထုတ်ပေးခြင်းလုပ်ငန်းများနေ့စဉ် ဆောင်ရွက်လုပ်ကိုင်ပေးလျက်ရှိရာ (၃၇၃၈၄)ဦးထိ ဇီဝဆိုင်ရာ အချက်အလက်ကောက်ယူစိစစ်ပြီးကြောင်းသိရသည်
ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း စိုက်ပျိုးသည့် လိမ္မော်သီးများ လှိုင်လှိုင်ပေါ်နေပြီဖြစ်ကြောင်း သိရ
Dec 12,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) ဒေသအတွင်းတွင် စိုက်ပျိုးဖြစ်ထွန်းသည့် လိမ္မော်သီးများ လားရှိုးမြို့တွင် ရောင်းချနေပြီဖြစ်ကြောင်း သိရသည်။
မိုင်းစံမြို့ ဝမ်လီကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲ ဆောင်ရွက်
Dec 12,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့ ဝမ်လီကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ချမ်းမြသာစည်မြို့နယ် အမှတ်(၃၀)  အ-ထ-ကကျောင်း၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲ ကျင်းပ
Dec 12,2023
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် နိုင်ငံတော်အတွက် ထူးချွန်ထက်မြက်၍ ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက်သောလူငယ်များ‌ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့နှင့် ပူးပေါင်းကျင်းပသော "လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ"ကို ယနေ့နံနက် ၉ နာရီခွဲအချိန်က အမှတ်(၃၀)အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
လားရှိုးမြို့မှ မန္တလေးမြို့သို့ ခရီးသည်တင်ယာဉ်ငယ်များ ပြေးဆွဲနေပြီး ယာဉ်စီးခမှ ယခင်ကထက် မြင့်တက်
Dec 12,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့မှ မန္တလေးမြို့သို့ အိမ်စီးခရီးသည်တင် ယာဉ်ငယ်များပြေးဆွဲနေပြီး ယာဉ်စီးခမှ ယခင်ကထက် မြှင့်တက်လျက်ရှိကြောင်း သိရသည်။