ချမ်းမြသာစည် ဒီဇင်ဘာ ၁၂
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် နိုင်ငံတော်အတွက် ထူးချွန်ထက်မြက်၍ ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက်သောလူငယ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့နှင့် ပူးပေါင်းကျင်းပသော "လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ"ကို ယနေ့နံနက် ၉ နာရီခွဲအချိန်က အမှတ်(၃၀)အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်ခိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်သန်းသန်းညိုက "လူ့အခွင့်အရေး” ခေါင်းစဉ်ဖြင့် ဟောပြောခဲ့သည်။ ဆက်လက်၍ မြို့နယ် အား/ကာဦးစီးမှူး ဦးတင်မောင်၀င်းက "လူငယ်နှင့် အားကစား"ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်စိမ်း၀င်းက "လူငယ်နှင့် ကိုယ်ကျင့်တရား"ခေါင်းစဉ်ဖြင့်လည်းကောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သက်ထားဆွေက "လူငယ်နှင့်ယဉ်ကျေးမှု"ခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီးဆွေးနွေး ဟောပြောခဲ့ကြသည်။
အဆိုပါ ဟောပြောပွဲသို့ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် ၀န်ထမ်းများ၊ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ၀န်ထမ်းများ၊ တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၊ လက်ထောက် ညွှန်ကြား ရေးမှူးနှင့်၀န်ထမ်းများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး ဟောပြောပွဲအပြီးတွင် ကျောင်းသား၊ ကျောင်းသူများက ခန်းမအတွင်း ခင်းကျင်းပြသထားသော အသိပညာပေးနံရံကပ်စာစောင်များနှင့် စာအုပ်/စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ချမ်းမြေ့