ညောင်ဦး ဒီဇင်ဘာ ၁၂
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်တွင် ဒီဇင်ဘာ ၁၂ ရက်ထိ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဇီဝဆိုင်ရာ အချက်အလက်ကောက်ယူစိစစ်ခြင်းနှင့် Unique ID ထုတ်ပေးခြင်းလုပ်ငန်းများနေ့စဉ် ဆောင်ရွက်လုပ်ကိုင်ပေးလျက်ရှိရာ (၃၇၃၈၄)ဦးထိ ဇီဝဆိုင်ရာ အချက်အလက်ကောက်ယူစိစစ်ပြီးကြောင်းသိရသည်
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ညောင်ဦးမြို့နယ်၊ ကျောက်ပန်းတောင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ထမ်းများမှ နေရာအလိုက်အုပ်စုများခွဲကာ ဇီဝဆိုင်ရာအချက်အလက် ကောက်ယူစိစစ်ခြင်းသတ်မှတ်နေရာများသို့ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ယူဆောင်လာစေကာ ဇီဝဆိုင်ရာအချက်အလက်ကောက်ယူပြီး Database တွင် သိမ်းဆည်းကာ မတူညီသော ဂဏန်း (၁၀) လုံးပါဝင်သည့် Unique ID နံပါတ်ပါကတ်ပြားများကို နေ့ချင်းပြီးထုတ်ပေးလျက်ရှိကြောင်းသိရသည်။
အဆိုပါလုပ်ငန်းများကို Internet Line ကောင်းမွန်သည့် အခြေခံပညာကျောင်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စုများတွင် စုစည်း၍ အသက် (၁၀)နှစ်အထက်ရှိသူများကို ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြည်သူများ၏လူမှုစီးပွားရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ရာတွင် ပိုမိုလွယ်ကူ မြန်ဆန်စေရန် မြန်မာနိုင်ငံအတွင်းနေထိုင်သူများကို စိစစ်နိုင်သည့် တစ်ခုတည်းသောနံပါတ် Unique ID ထုတ်ပေးရန် Online စနစ်ဖြင့် ဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်နေသည့် အစိုးရနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများအတွက် မည်သူမည်ဝါဖြစ်ကြောင်း စစ်ဆေးနိုင်မည့်အခြေခံစနစ် တည်ဆောက်ရန်အတွက်ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဌာန၊ ခရိုင်ဦးစီးမှူး ဦးပြေကျော်ထံက သိရသည်။
ဒီပါလင်း