သတင်းများ

ရှမ်းရွာသစ်မြို့ ပြည်သူ့စာကြည့်တိုက်သို့ ကျောင်းသား/သူများ အသိပညာဗဟုသုတရှာဖွေရန် စာအုပ်စာစောင်များ ငှားရမ်းဖတ်ရှု
Dec 12,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျောင်းစာအပြင် ပြင်ပဗဟုသုတရှာဖွေရန် စိတ်ဝင်စားသည့် ကျောင်းသား/သူများအနေဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်ထားသည့်ပြည်သူ့စာကြည့်တိုက်သို့ လာရောက်၍ စာပေဖတ်ရှုလေ့လာသူများ တစ်နေ့ထက်တစ်နေ့ပိုများလာကြောင်း သိရသည်။
ကရသူရိမြို့၌ ရာသီပေါ်တပိုင်တနိုင် ဟင်းသီး/ဟင်းရွက်စိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ
Dec 12,2023
တနင်္သာရီတိုင်းဒေသကြီး၊  ဘုတ်ပြင်းခရိုင်၊    ကရသူရိမြို့ရှိ ဒေသခံပြည်သူများသည် မိသားစုစားဝတ်နေရေးအတွက် ရာသီပေါ် ဟင်းသီး/ ဟင်းရွက်စိုက်ပျိုးခြင်းဖြင့် အပိုဝင်ငွေရရှိကြောင်း သိရသည်။
ဒေးဒရဲမြို့ (Community Centre) ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပ
Dec 12,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် မြို့နယ်အတွင်း စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ တိုးပွားစေရန်နှင့် စာပေမှရသော အသိအမြင် ဗဟုသုတများကို လူမှုဘဝတွင် ပြန်လည်အသုံးချနိုင်စေရန် ရည်ရွယ်၍ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်းနှင့် ပူးပေါင်းပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမ၌ စာဖတ်ဝိုင်းကို  ယမန်နေ့ ညနေ (၃)နာရီက ကျင်းပခဲ့သည်။
လောင်းလုံးမြို့နယ်(Community Centre)ခန်းမတွင် (Book Club)အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်
Dec 12,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမတွင် ယနေ့နံနက် ၁၀ နာရီခွဲအချိန်က (Book Club) အဖွဲ့ဝင်များဖြင့် စာရေးဆရာ မောင်ခင်မင်(ဓနုဖြူ)ရေးသားထားသော'' အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ'' စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပခဲ့သည်။
ပုသိမ်ကြီးမြို့နယ် Community Centre တွင် စာဆိုတော်နေ့အထိမ်းအမှတ် ပြပွဲ၊ ပြိုင်ပွဲများကျင်းပ
Dec 12,2023
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဆိုတော်နေ့အထိမ်းအမှတ် စာအုပ်ပြပွဲနှင့်ပြိုင်ပွဲများကျင်းပခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါဌာနရှိ ပံသုကျီခန်းမ၌ ကျင်းပသည်။
ကြည့်မြင်တိုင်မြို့နယ်၌ ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ်လျှော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး အသိပညာပေး (Kaeru Caravan) အခမ်းအနားကျင်းပ
Dec 12,2023
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်၊ ဘောဂရပ်ကွက်၊ ဗားကရာလမ်းပေါ်ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့နံနက် ၉ နာရီအချိန်က "ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ်လျှော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး အသိပညာပေး (Kaeru Caravan) အခမ်းအနား” ကျင်းပခဲ့သည်။
သံတောင်ကြီးမြို့နယ်တွင် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အခမ်းအနားကျင်းပ
Dec 12,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် သံတောင်ကြီးအမျိုးသမီးများအဖွဲ့မှဦးဆောင်၍ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှုအခမ်းအနားကို ယမန်နေ့နေ့လယ်(၂)နာရီအချိန်က ဇိုင်းယာန်းနှစ်ခြင်းဓမ္မရိပ်သာတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပေါက်ခေါင်းမြို့နယ်၌ မတ်ပဲ (ဆောင်း) ၁၂၈၄၁ ဧကစိုက်ပျိုးပြီးစီး
Dec 12,2023
ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ်‌ ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ မတ်ပဲ (ဆောင်း) စိုက်ပျိုးရန်အတွက် ၁၂၈၄၀ ဧကစိုက်ပျိုးရန်လျာထားလျက်ရှိရာ ဒီဇင်ဘာ ၇ ရက်နေ့အထိတောင်သူများ၏ လယ်ယာမြေများတွင် ၁၂၈၄၁ ဧကအထိစိုက်ပျိုးပြီးစီးပြီဖြစ်၍ လျာထားချက်ထက်ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။