သတင်းများ

ကျောက်ဆည်မြို့၌(၇၉) နှစ်မြောက် မြန်မာနိုင်ငံ စာဆိုတော်နေ့အထိမ်းအမှတ် အထက်တန်းအဆင့် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့်စာအုပ်စာစောင်ပြပွဲကျင်းပ
Dec 12,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍  (၇၉) နှစ်မြောက် မြန်မာနိုင်ငံစာဆိုတော်နေ့ အထိမ်းအမှတ်အဖြစ် အထက်တန်းအဆင့် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့မွန်းလွဲ(၂)နာရီအချိန်က ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။
စေတုတ္တရာမြို့နယ်၌ ကျေးရွာတစ်ရွာချင်းအလိုက် ငှက်ဖျားရောဂါဖြစ်ပွားတည်ရှိမှု ငှက်ဖျားအလွှာခွဲခြားသတ်မှတ်ခြင်း သင်တန်းအလုပ်ရုံဆွေးနွေးပွဲ ကျင်းပ
Dec 12,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် ကျေးရွာအဆင့် ကျေးရွာတစ်ရွာချင်းအလိုက် ငှက်ဖျားရောဂါဖြစ်ပွားတည်ရှိမှု အခြေအနေများအား ငှက်ဖျားအလွှာခွဲခြားသတ်မှတ်ခြင်း သင်တန်းအလုပ်ရုံဆွေးနွေးပွဲကို စေတုတ္တရာမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ရ.ပ.က.န(ငှက်ဖျား)အဖွဲ့ရုံးခန်းတွင် ယနေ့နံနက်(၉)နာရီ အချိန်က ကျင်းပပြုလုပ်သည်။
ဝမ်းတွင်းမြို့နယ်၌ မီးဘေးလုံခြုံရေးအတွက် စစ်ဆေးအကြံပြုခြင်းများ ကွင်းဆင်းဆောင်ရွက်
Dec 12,2023
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးလုံခြုံရေးအတွက် စစ်ဆေးအကြံပြုခြင်းများကို ယမန်နေ့ မွန်းလွဲပိုင်းက ဌာနဆိုင်ရာရုံးများတွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ဝမ်းတွင်းမြို့နယ်၌ ဒီဇင်ဘာ အားကစားပြိုင်ပွဲများအား အခြေခံပညာကျောင်းများ၌ ကျင်းပ
Dec 12,2023
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ ဒီဇင်ဘာလ အားကစားပြိုင်ပွဲများကို အခြေခံပညာကျောင်းများ၌ ကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် အခြေခံပညာအထက်တန်းကျောင်းခွဲ အမှတ်(၁)တွင် အားကစားပြိုင်ပွဲများအား ပြုလုပ်ခဲ့သည်။
ဘုတ်ပြင်းမြို့ အ-မ-က-ရွှေဘုံသာကျောင်း၌ အားကစားနှင့်လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ
Dec 12,2023
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့နယ်တွင် အခြေခံပညာဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ အားကစားနှင့်လူငယ်ရေးရာ အသိပညာ‌ပေးဟောပြောပွဲကို ယမန်နေ့ညနေက အ-မ-က-ရွှေဘုံသာကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့ ပြည်သူ့စာကြည့်တိုက်သို့ ကျောင်းသား/သူများ အသိပညာဗဟုသုတရှာဖွေရန် စာအုပ်စာစောင်များ ငှားရမ်းဖတ်ရှု
Dec 12,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျောင်းစာအပြင် ပြင်ပဗဟုသုတရှာဖွေရန် စိတ်ဝင်စားသည့် ကျောင်းသား/သူများအနေဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်ထားသည့်ပြည်သူ့စာကြည့်တိုက်သို့ လာရောက်၍ စာပေဖတ်ရှုလေ့လာသူများ တစ်နေ့ထက်တစ်နေ့ပိုများလာကြောင်း သိရသည်။
ကရသူရိမြို့၌ ရာသီပေါ်တပိုင်တနိုင် ဟင်းသီး/ဟင်းရွက်စိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ
Dec 12,2023
တနင်္သာရီတိုင်းဒေသကြီး၊  ဘုတ်ပြင်းခရိုင်၊    ကရသူရိမြို့ရှိ ဒေသခံပြည်သူများသည် မိသားစုစားဝတ်နေရေးအတွက် ရာသီပေါ် ဟင်းသီး/ ဟင်းရွက်စိုက်ပျိုးခြင်းဖြင့် အပိုဝင်ငွေရရှိကြောင်း သိရသည်။
ဒေးဒရဲမြို့ (Community Centre) ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပ
Dec 12,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် မြို့နယ်အတွင်း စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ တိုးပွားစေရန်နှင့် စာပေမှရသော အသိအမြင် ဗဟုသုတများကို လူမှုဘဝတွင် ပြန်လည်အသုံးချနိုင်စေရန် ရည်ရွယ်၍ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်းနှင့် ပူးပေါင်းပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမ၌ စာဖတ်ဝိုင်းကို  ယမန်နေ့ ညနေ (၃)နာရီက ကျင်းပခဲ့သည်။