လားရှိုး ဒီဇင်ဘာ ၁၂
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့မှ မန္တလေးမြို့သို့ အိမ်စီးခရီးသည်တင် ယာဉ်ငယ်များပြေးဆွဲနေပြီး ယာဉ်စီးခမှ ယခင်ကထက် မြှင့်တက်လျက်ရှိကြောင်း သိရသည်။
လားရှိုး-မန္တလေး ပြည်ထောင်စုကားလမ်းမကြီးပေါ် သီပေါမြို့နယ်အတွင်းရှိ ကျင်သီတံတား၊ သီပေါမြို့နှင့် လားရှိုးမြို့ကြားရှိ စဉ့်အင်တံတား ကျိုးကျထားမှုကြောင့် လားရှိုး-မန္တလေးခရီးစဉ်ကို ရှမ်းပြည်နယ်(တောင်ပိုင်း)ဘက်မှ ပတ်သွားကြရကြောင်း သိရသည်။
လားရှိုးမှ မန္တလေး ခရီးစဉ်ကို လားရှိုး -မိုင်းရယ်၊ နမ့်လန်၊ ကျောက်ဂူ၊ နောင်ချိုလမ်း၊ လားရှိုး - မိုင်းရယ် -ရပ်စောက်-ပင်းတယ-ရွာငံ-ဟံမြင့်မိုရ်-ကျောက်ဆည်-မန္တလေးလမ်းအတိုင်း သွားရောက်ကြကြောင်း သိရသည်။
လားရှိုး-မန္တလေးယာဉ်စီးခမှ တစ်ဦးလျှင် ရှေ့ခန်းကျပ်တစ်သိန်းငါးသောင်း၊ နောက်ခန်းတစ်သိန်း နှစ်သောင်းကျပ်ထိဈေးရှိကြောင်း သိရသည်။
စိုင်းထွန်း(လားရှိုး)