သတင်းများ

ပေါက်ခေါင်းမြို့နယ်၌ မတ်ပဲ (ဆောင်း) ၁၂၈၄၁ ဧကစိုက်ပျိုးပြီးစီး
Dec 12,2023
ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ်‌ ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ မတ်ပဲ (ဆောင်း) စိုက်ပျိုးရန်အတွက် ၁၂၈၄၀ ဧကစိုက်ပျိုးရန်လျာထားလျက်ရှိရာ ဒီဇင်ဘာ ၇ ရက်နေ့အထိတောင်သူများ၏ လယ်ယာမြေများတွင် ၁၂၈၄၁ ဧကအထိစိုက်ပျိုးပြီးစီးပြီဖြစ်၍ လျာထားချက်ထက်ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
တာလေမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်ပြပွဲနှင့် အသိပညာပေးနံရံကပ် စာစောင်ပြပွဲကျင်းပ
Dec 12,2023
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ၊ တာချီလိတ်ခရိုင်၊ တာလေမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက စာဖတ်ရှိန် မြှင့်တင်ရေး စာအုပ်ပြပွဲနှင့် အသိပညာပေးနံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုင်းနောင်မြို့တွင် ကိုယ်ဝန်ဆောင်မိခင်နှင့်ကလေးငယ်များအား လစဥ်ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ တိုက်ကျွေးခြင်း ဆောင်ရွက်
Dec 12,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့်ကလေးငယ်များအား လစဥ်ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ တိုက်ကျွေးခြင်းလုပ်ငန်းများကို ယနေ့နံနက် (၈)နာရီအချိန်က တိုက်နယ်ကျန်းမာရေးဌာနတွင် ဆောင်ရွက်ခဲ့သည်။
သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်မှ ကျေးရွာသို့ကွင်းဆင်း၍ ဆေးကုသမှု စစ်တမ်း ကောက်ယူ
Dec 12,2023
သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်မှ ဆရာများ၊ ကျောင်းသား/သူများက ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ဝက်ချောင်းတိုက်နယ်ဆေးရုံသို့ ယမန်နေ့က ကွင်းဆင်း၍ ကျန်းမာရေးစစ်တမ်း ကောက်ယူခဲ့ကြသည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်းရှိ ဘုရား (၁၁)ဆူအား မိုးကြိုးလွှဲ တပ်ဆင်သွားမည်
Dec 12,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်ပုဂံရှေးဟောင်းယဉ်ကျေး မှုအမွေးအနှစ် ဒေသအတွင်းရှိ ဘုရား(၁၁)ဆူကို မိုးကြိုးလွှဲတပ်ဆင်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများထံက သိရသည်။
ရှမ်းပြည်နယ် (အရှေ့ပိုင်း) အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Dec 12,2023
ရှမ်းပြည်နယ် (အရှေ့ပိုင်း) အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန (ကျိုင်းတုံ) ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
မိုင်းခတ်၌ ဌာနဆိုင်ရာများပါဝင်သောအဖွဲ့မှ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Dec 12,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် မြို့ပေါ်ကျေးရွာနှင့် ဝေးလံသော တောင်ပေါ်ကျေးရွာများ၌ နယ်မြေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ လုံခြုံရေးနှင့်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းအဖွဲ့သည် ယနေ့နံနက်(၁၀)နာရီအချိန်က မိုင်းညှင်းကျေးရွာအုပ်စု၊ ဝမ်ကျန်းကျေးရွာတိုက်နယ်‌ဆေးရုံ (မိုင်းညှင်း)၌ ‌ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပျော်ဘွယ်မြို့ အ-ထ-က-၂(ပန်းစုံ)၌ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲကျင်းပ
Dec 12,2023
ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများအသိပညာ ဗဟုသုတရရှိစေရန်ရည်ရွယ် ၍ အသိပညာပေးဟောပြောပွဲနှင့်၊ နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း(ပန်းစုံ) တွင် ကျင်းပခဲ့ကြောင်းသိရသည်။