တနင်္သာရီမြို့နယ်၊ ရှမ်းအင်းတော်ရွာမှ လေဘေးသင့်မိသားစုအား ထောက်ပံ့ငွေနှင့်ပစ္စည်းများပေးအပ်
Dec 12,2023
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် တမုတ်ချုန်းကျေးရွာအုပ်စု-ရှမ်းအင်းတော်ကျေးရွာတွင် (၅-၁၂-၂၀၂၃) ရက်နေ့ ည ၁၂ နာရီခန့်က လေပြင်းတိုက်ခတ်မှုဒဏ်ကြောင့် ပျက်စီးပြိုလဲဆုံးရှုံးခဲ့သည့် ဦးတင်အေး-ဒေါ်အေးစန်းတို့၏ လေဘေးသင့်မိသားစု(၈)ဦးအတွက် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့က ဆန်ဖိုးထောက်ပံ့ငွေ၊ အိမ်ဆောက်ပစ္စည်း၊ ကယ်ဆယ်ရေးပစ္စည်းနှင့် မိသားစုတစ်ကိုယ်ရေသုံး သန့်ရှင်းရေးပစ္စည်းများထောက်ပံ့ပေးအပ်ပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမအတွင်း ယမန်နေ့နံနက် ၁၀ နာရီအချိန်က ပြုလုပ်ခဲ့သည်။