ကျောက်ဆည် ဒီဇင်ဘာ ၁၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ အမှတ်(၁)အခြေခံပညာကျောင်းနှင့် မြို့နယ်ပညာရေးမှူးရုံးအစည်းအဝေးခန်းမတို့တွင် ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြင့်မားရေး၊ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်း အမှတ် အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြိုင်ပွဲတွင် ကျောက်ဆည်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အထက် တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် လွတ်လပ်ရေးနေ့နှင့်လူငယ်တာဝန် ခေါင်းစဉ်ဖြင့် ကျောင်းသား/ကျောင်းသူ (၁၅)ဦး၊ ကျပန်းပြိုင်ပွဲတွင် ကျောင်းသား/ကျောင်းသူ (၁၀)ဦး၊ ကဗျာပြိုင်ပွဲတွင် ခေါင်းစဉ်ဖြင့် ကျောင်းသား/ကျောင်းသူ (၁၂) ဦး၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် လွတ်လပ်ရေးနေ့ကိုထိန်းသိမ်းပါ ခေါင်းစဉ်ဖြင့် ကျောင်းသား/ကျောင်းသူ(၁၉)ဦး၊ မူလတန်းအဆင့်တွင် လွတ်လပ်ရေးနေ့တို့မမေ့ခေါင်းစဉ်ဖြင့် ကျောင်းသား/ကျောင်းသူ(၂၂)ဦး စုစုပေါင်း (၇၈)ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။ ပြိုင်ပွဲတွင် ခေါင်းစဉ်အလိုက် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသော ကျောင်းသား/ကျောင်းသူများ ရွေချယ်ကာနှင့် ဆုများချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)