မိုင်းစံ ဒီဇင်ဘာ ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့ ဝမ်လီကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဒေါ်ဥမ္မာထွေးက ဟောပြောပွဲကျင်းပရခြင်းမှာ ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတကြွယ်ဝစေရန်၊ စာပေဖတ်ရှု့သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ သုတ၊ ရသစာအုပ်စာစောင်များ လေ့လာဖတ်ရှု့စေရန် ရည်ရွယ်၍ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိစေမည့် စာအုပ်စာစောင်များဖတ်ရှုရန်နှင့် အားလပ်ချိန်တွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန် အသိပညာပေးဟောပြောခဲ့သည်။
ယင်းနောက် မိုင်းစံမြို့ ဝမ်လီကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။
မိုင်းစံ(ပြန်/ဆက်)