သတင်းများ

ကျောက်ပန်းတောင်းမြို့နယ် ကန်ရဲကျေးရွာတွင် VDP စီမံကိန်းဖြင့်ဆောင်ရွက်ခဲ့သည့် ရေစင်နှင့်အိမ်တိုင်ရာရောက် ရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းပြီးစီးမှု ကွင်းဆင်းစစ်ဆေး
Dec 12,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့်၊ ဆုံရွာကျေးရွာ အုပ်စု၊ ကန်ရဲကျေးရွာ ရေစင်နှင့် အိမ်တိုင်ရာရောက် ရေပိုက်လိုင်း သွယ်တန်းခြင်းလုပ်ငန်းပြီးစီးမှုအခြေအနေများကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်းနှင့် တာဝန်ခံဝန်ထမ်းများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ကံမမြို့ စည်ပင်သာယာမြို့မဈေး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့် သရုပ်ပြ
Dec 12,2023
မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့ စည်ပင်သာယာမြို့မဈေး၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဇာတ်တိုက်လေ့ကျင့်မှု သရုပ်ပြခြင်းအခမ်းအနားကို ယနေ့နံနက် (၉)နာရီက ပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးအုန်းဌေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဈေးသူ ဈေးသားများ တက်ရောက်ခဲ့ကြသည်။
ညောင်ဦးမြို့နယ် ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများ ဆက်လက် ရောင်းချ
Dec 12,2023
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပြည်သူများသို့ မြန်မာနိုင်ငံ ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်း၏ အစီအစဉ်ဖြင့် မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ အသင်းမှ စားအုန်းဆီများအား သက်သာသော ဈေးနှုန်းဖြင့် စားသုံးဆီရောင်းချခဲ့ရာ ဒီဇင်ဘာ ၁၂ ရက်နေ့တွင် စားအုန်းဆီ ၁၆၅၀၀ ပိဿာရောင်းချပေးခဲ့ကြောင်းသိရသည်။
ပင်းတယမြို့နယ်၌ ပဲစင်းငုံစိုက် တောင်သူများဈေးကောင်းရရှိ
Dec 12,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် စိုက်ပျိုးထားသည့် ပဲစင်းငုံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေပြီး ဒီဇင်ဘာလ ဒုတိယအပတ်တွင် ပဲစင်းငုံဈေးနှုန်း ဈေးကောင်းရရှိနေကြောင်း သိရသည်။
ဟိုမိန်းမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ဒေါက်တာခင်မောင်ညို၏ လူငယ်နှင့်အကောင်းဆုံးဘဝကို တည်ဆောက်ခြင်းစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ
Dec 12,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ဟိုမိန်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာအထက်တန်းကျောင်းမှ Youth Club အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ ဒေါက်တာခင်မောင်ညို၏ လူငယ်နှင့်အကောင်းဆုံးဘဝကို တည်ဆောက်ခြင်းစာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်သည်။
ကျောက်ဆည်မြို့၌(၇၉) နှစ်မြောက် မြန်မာနိုင်ငံ စာဆိုတော်နေ့အထိမ်းအမှတ် အထက်တန်းအဆင့် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့်စာအုပ်စာစောင်ပြပွဲကျင်းပ
Dec 12,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍  (၇၉) နှစ်မြောက် မြန်မာနိုင်ငံစာဆိုတော်နေ့ အထိမ်းအမှတ်အဖြစ် အထက်တန်းအဆင့် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့မွန်းလွဲ(၂)နာရီအချိန်က ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။
စေတုတ္တရာမြို့နယ်၌ ကျေးရွာတစ်ရွာချင်းအလိုက် ငှက်ဖျားရောဂါဖြစ်ပွားတည်ရှိမှု ငှက်ဖျားအလွှာခွဲခြားသတ်မှတ်ခြင်း သင်တန်းအလုပ်ရုံဆွေးနွေးပွဲ ကျင်းပ
Dec 12,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် ကျေးရွာအဆင့် ကျေးရွာတစ်ရွာချင်းအလိုက် ငှက်ဖျားရောဂါဖြစ်ပွားတည်ရှိမှု အခြေအနေများအား ငှက်ဖျားအလွှာခွဲခြားသတ်မှတ်ခြင်း သင်တန်းအလုပ်ရုံဆွေးနွေးပွဲကို စေတုတ္တရာမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ရ.ပ.က.န(ငှက်ဖျား)အဖွဲ့ရုံးခန်းတွင် ယနေ့နံနက်(၉)နာရီ အချိန်က ကျင်းပပြုလုပ်သည်။
ဝမ်းတွင်းမြို့နယ်၌ မီးဘေးလုံခြုံရေးအတွက် စစ်ဆေးအကြံပြုခြင်းများ ကွင်းဆင်းဆောင်ရွက်
Dec 12,2023
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးလုံခြုံရေးအတွက် စစ်ဆေးအကြံပြုခြင်းများကို ယမန်နေ့ မွန်းလွဲပိုင်းက ဌာနဆိုင်ရာရုံးများတွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။