ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း စိုက်ပျိုးသည့် လိမ္မော်သီးများ လှိုင်လှိုင်ပေါ်နေပြီဖြစ်ကြောင်း သိရ

လားရှိုး ဒီဇင်ဘာ ၁၂

ရှမ်းပြည်နယ်(မြောက်ပိုင်း) ဒေသအတွင်းတွင် စိုက်ပျိုးဖြစ်ထွန်းသည့် လိမ္မော်သီးများ လားရှိုးမြို့တွင်  ရောင်းချနေပြီဖြစ်ကြောင်း သိရသည်။

လိမ္မော်သီးကို လားရှိုးမြို့နယ်အတွင်းတွင် နမ့်ပေါင်၊ စဉ့်အင်နှင့် နမ္မတူမြို့နယ် မိုင်းရင်ဒေသမှ ထွက်ရှိသည့် လိမ္မော်သီးများကို အများအပြား ရောင်းချကြခြင်းဖြစ်ကြောင်း သိရသည်။

“ဒီတစ်နှစ်တော့ လိမ္မော်သီးတွေကို လောက်ကိုင်နဲ့ မူဆယ်ဘက်ကို တင်ပို့ရောင်းချလို့ အဆင်မပြေဘူး။ မန္တလေးဘက်လည်း တင်ပို့ရောင်းချနိုင်ခြင်းမရှိဘူး။ ဒါကြောင့် လားရှိုးမြို့နယ်အတွင်းမှာပဲ ဈေးနှုန်းချိုသာစွာနဲ့ရောင်းချနေရတယ်။” ဟု လိမ္မော်စိုက်ပျိုးသူတစ်ဦးက ပြောသည်။

ယခင်က လားရှိုးမြို့နယ်နှင့် နမ္မတူဒေသထွက် လိမ္မော်သီးများကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့များနှင့် အခြားမြို့ကြီးများသို့ တင်ပို့ရောင်းချကြကြောင်း သိရသည်။

စိုင်းထွန်း(လားရှိုး)