သတင်းများ

ညောင်ဦးခရိုင်တွင် ဇီဝဆိုင်ရာအချက်အလက် ကောက်ယူစိစစ်ခြင်းနှင့် Unique ID ထုတ်ပေးခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိရာ ၃၇၃၈၄ ဦးဆောင်ရွက်ပြီးစီး
Dec 12,2023
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်တွင် ဒီဇင်ဘာ ၁၂ ရက်ထိ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဇီဝဆိုင်ရာ အချက်အလက်ကောက်ယူစိစစ်ခြင်းနှင့် Unique ID ထုတ်ပေးခြင်းလုပ်ငန်းများနေ့စဉ် ဆောင်ရွက်လုပ်ကိုင်ပေးလျက်ရှိရာ (၃၇၃၈၄)ဦးထိ ဇီဝဆိုင်ရာ အချက်အလက်ကောက်ယူစိစစ်ပြီးကြောင်းသိရသည်
ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း စိုက်ပျိုးသည့် လိမ္မော်သီးများ လှိုင်လှိုင်ပေါ်နေပြီဖြစ်ကြောင်း သိရ
Dec 12,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) ဒေသအတွင်းတွင် စိုက်ပျိုးဖြစ်ထွန်းသည့် လိမ္မော်သီးများ လားရှိုးမြို့တွင် ရောင်းချနေပြီဖြစ်ကြောင်း သိရသည်။
မိုင်းစံမြို့ ဝမ်လီကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲ ဆောင်ရွက်
Dec 12,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့ ဝမ်လီကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ချမ်းမြသာစည်မြို့နယ် အမှတ်(၃၀)  အ-ထ-ကကျောင်း၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲ ကျင်းပ
Dec 12,2023
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် နိုင်ငံတော်အတွက် ထူးချွန်ထက်မြက်၍ ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက်သောလူငယ်များ‌ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့နှင့် ပူးပေါင်းကျင်းပသော "လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ"ကို ယနေ့နံနက် ၉ နာရီခွဲအချိန်က အမှတ်(၃၀)အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
လားရှိုးမြို့မှ မန္တလေးမြို့သို့ ခရီးသည်တင်ယာဉ်ငယ်များ ပြေးဆွဲနေပြီး ယာဉ်စီးခမှ ယခင်ကထက် မြင့်တက်
Dec 12,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့မှ မန္တလေးမြို့သို့ အိမ်စီးခရီးသည်တင် ယာဉ်ငယ်များပြေးဆွဲနေပြီး ယာဉ်စီးခမှ ယခင်ကထက် မြှင့်တက်လျက်ရှိကြောင်း သိရသည်။
ငါန်းဇွန်မြို့၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)မှ စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်
Dec 12,2023
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀နာရီအချိန်က စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း(Book Club)မှ ညီညီနိုင်(မြန်မာပြန်)၏ “အောင်မြင်ရေးသော့ချက် A-Z 26” စာအုပ်ကို လေ့လာဖတ်ရှုပြီး စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ချောက်ခရိုင်/ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူး၍ အမျိုးသားယဥ်ကျးမှုဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Dec 12,2023
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူး၍ အမျိုးသားယဥ်ကျးမှုဆိုင်ရာ အသိပညာပေးဟောပြောပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအ​ဝေးခန်းမတွင် ယနေ့နံနက် (၉)နာရီအချိန်က ကျင်းပခဲ့သည်။
ကျောက်ပန်းတောင်းမြို့နယ် ကန်ရဲကျေးရွာတွင် VDP စီမံကိန်းဖြင့်ဆောင်ရွက်ခဲ့သည့် ရေစင်နှင့်အိမ်တိုင်ရာရောက် ရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းပြီးစီးမှု ကွင်းဆင်းစစ်ဆေး
Dec 12,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့်၊ ဆုံရွာကျေးရွာ အုပ်စု၊ ကန်ရဲကျေးရွာ ရေစင်နှင့် အိမ်တိုင်ရာရောက် ရေပိုက်လိုင်း သွယ်တန်းခြင်းလုပ်ငန်းပြီးစီးမှုအခြေအနေများကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်းနှင့် တာဝန်ခံဝန်ထမ်းများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။