သန်လျင်မြို့၌ တိုင်းရင်းဆေးပညာအသိပညာပေးဟောပြောခြင်းနှင့် တိုင်းရင်းဆေးကုဌာနမှ ပြည်သူများအား အခမဲ့ကွင်းဆင်းကုသ

သန်လျင် ဒီဇင်ဘာ ၁၄

(၂၂) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တိုင်းရင်းဆေးပညာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးဌာနမှူး၏လမ်းညွှန်မှုဖြင့် တောင်ပိုင်းခရိုင်မှ ခရိုင်တိုင်းရင်းဆေးမှူး ဒေါ်သန်းသန်းဆွေဦးဆောင်၍ မြို့နယ်တိုင်းရင်းဆေးကုဌာနများနှင့် ပူးပေါင်းပြီး သန်လျင်မြို့နယ်၊ ဘုရားကုန်းရပ်ကွက်၊ သဘာဝတရားရိပ်သာသို့ ယမန်နေ့နံနက် (၉) နာရီအချိန်က တိုင်းရင်းဆေးပညာဖြင့် ကျန်းမားရေးအသိပညာပေးဟောပြောခြင်းနှင့် အခမဲ့ကွင်းဆင်းဆေးကုသခြင်းများ ပြုလုပ်ခဲ့သည်။

ထို့နောက် ကျန်းမာရေးအသိပညာပေးဟောပြောရာတွင် ခရိုင်တိုင်းရင်းဆေးမှူးမှ သုံးစွဲသင့်သော တိုင်းရင်းဆေးဝါးများနှင့် မသုံးစွဲသင့်သော တိုင်းရင်းဆေးဝါးများအကြောင်း အသိပညာပေးဟောပြောကာ လာရောက်ကုသသော လူနာများအား ဒူးနာ၊ ခါးနာ၊ လေငန်းလေဖြတ်ရောဂါများ အများဆုံးဖြစ်ပြီး လူနာစုစုပေါင်း (၂၅၀) ဦးတို့အား တိုင်းရင်ဆေးများဖြင့် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့သည်။

ဆေးဝါးကုသပေးရာသို့ ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းဆေးဆရာအသင်းတာဝန်ခံနှင့် အတွင်းရေးမှူး၊ ခရိုင်အသင်းဥက္ကဋ္ဌ၊ မြို့နယ်အသင်းဥက္ကဋ္ဌများ၊ တိုင်းရင်းဆေးဝါး ထုတ်လုပ်သူများနှင့် ဆေးဝါးလုပ်ငန်းရှင်များမှ ပါဝင်ကူညီအားဖြည့်ပေးခဲ့သည်

ခရိုင် (ပြန်ဆက်)