မြစ်ကြီးနား ဒီဇင်ဘာ ၁၄
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးရှိ သွေးလှူဘဏ်ခန်းမ၌ ဒီဇင်ဘာ ၁၄ ရက် နံနက် ၉ နာရီက ဒုတိယအကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပခဲ့သည်။
သွေးလှူဒါန်းရာတွင် မြစ်ကြီးနားမြို့ ပြည်သူ့ဆေးရုံကြီး သွေးလှူဘဏ်ဌာနမှ ရောဂါဗေဒဆရာဝန်ကြီး ဒေါက်တာသန်းထွန်းအောင်နှင့် ကျန်းမာရေးဝန်ထမ်းများက လိုအပ်သည့် ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ပေးပြီး သွေးလှူရှင်(၇၅)ဦးတို့က စုပေါင်း သွေးလှူဒါန်းခဲ့ကြသည်။
အဆိုပါ သွေးလှူဒါန်းပွဲကို ကချင်ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ ပြည်နယ်စေတနာ သွေးသန့်သွေးလှူရှင်အသင်းနှင့် ပြည်နယ်ကာယဗလနှင့် အားကစားအဖွဲ့ သွေးလှူရှင်အသင်းတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)