သတင်းများ

အမာမြို့၊ ဘဝသစ်(၁)ကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်း၌ ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
Dec 17,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ဘဝသစ်ကျေးရွာအုပ်စု၊ ဘဝသစ်(၁)ကျေးရွာ၊ အ‌ခြေခံပညာမူလတန်းကျောင်းတွင် ပညာရည်ချွန် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ဆီဆိုင်မြို့နယ်ရှိ မိုက်တီး-နောင်ဘို ကျေးရွာချင်းဆက် မြေသားလမ်းဖောက်လုပ်မှုအား ကွင်းဆင်းကြည့်ရှု
Dec 17,2023
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက် (၁၁) နာရီ (၄၅) မိနစ်က ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ပါလောပါကယ်ကျေးရွာအုပ်စုတွင် ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စု/ပြည်နယ် ငွေလုံးငွေရင်း(မူလ)ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် မိုက်တီး-နောင်ဘို ကျေးရွာချင်းဆက် လမ်းအရှည် (4.102Km) အား (9.14m) အကျယ် လမ်းတာချဲ့ရန်နှင့် ဖြတ်မြေလုပ်ငန်း အပါအဝင် (5.48m) အကျယ်အား သဲဗြုန်း (100mm) ထုခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး မိုက်တီး-နောင်ဘို ကျေးရွာချင်းဆက် လမ်းပေါ်ရှိ ရှင်းလင်းဆောင်တွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံသည်။
သရက်မြို့နယ် စပ်ဒေသတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ
Dec 17,2023
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းခန်းမတွင် (၇၆)နှစ် မြောက် လွတ်လပ်ရေးနေ့အကြို ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ အခမ်းအနားကို ယနေ့ နံနက် (၁၁)နာရီက ကျင်းပခဲ့သည်။
တိုက်ကြီးမြို့နယ်၌ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ ကျင်းပ
Dec 17,2023
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်တွင် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် (၈) နာရီခွဲက စျေးရပ်ကွက် ဇေယျာလမ်း၌ ကျင်းပကြောင်း သိရသည်။
သရက်မြို့၌ စာပေချစ်မြတ်နိုးသူများ စာဖတ်ဝိုင်းကျင်းပ
Dec 17,2023
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Book Club အဖွဲနှင့် Youth Club အဖွဲ့တို့ ပူးပေါင်း၍ ဆရာမောင်ခင်မင် (ဓနုဖြူ) ရေးသားသည့် အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပခြင်းကို ယမန်နေ့ နံနက် (၁၀)နာရီက ခရိုင်ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
ကျောက်ဖြူမြို့တွင် ရေငန်ပုစွန်သားပေါက် မျိုးစိုက်ထည့်ခြင်းအခမ်းအနားကျင်းပ
Dec 17,2023
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ ရေငန်ပုစွန်သားပေါက်မျိုးစိုက် ထည့်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်း က ကျောက်ဖြူမြို့၊ ငလပွေ့ရပ်ကွက်ရှိ ငလပွေ့ချောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ပဲခူးတိုင်းဒေသကြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး ဘာသာရပ်ဆိုင်ရာသိကောင်းစရာများ ဟောပြောပွဲ ပဲခူးမြို့တွင် ကျင်းပပြုလုပ်
Dec 17,2023
ပဲခူးတိုင်းဒေသကြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး ဘာသာရပ်ဆိုင်ရာ သိကောင်းစရာများ ဟောပြောပွဲကို ဒီဇင်ဘာလ (၁၇) ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ သီရိပညာခန်းမ၌ ကျင်းပပြုလုပ်သည်။
ဟင်္သာတမြို့နယ်၌ ၂၀၂၃-၂၀၂၄ ခုနှစ် မြို့နယ်လုံးကျွတ် သစ်စိမ်းမြေသြဇာ ပိုက်ဆံလျှော် မျိုးစေ့ထုတ် ကွင်းပိတ်စိုက်ပျိုးပွဲကျင်းပ
Dec 17,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၌ ၂၀၂၃-၂၀၂၄ ခုနှစ် မြို့နယ်လုံးကျွတ် ပိုက်ဆံလျှော်မျိုးစေ့ထုတ် ကွင်းပိတ် စိုက်ပျိုးပွဲကို ဟင်္သာတမြို့နယ်၊ ပြာကတတ်ကျေးရွာ အုပ်စု၊ စံပယ်ကွင်းကျေးရွာရှိ တောင်သူ ဦးအားတင့်ပိုင်ဆိုင်သော ကွင်းအမှတ် ၁၅၁၃၊ ဦးပိုင်အမှတ် ၄၁/၂ ရှိလယ်မြေ ၃ ဧကနှင့် ကုန်းကြီးကျေးရွာအုပ်စု အမှတ် ၁ မြို့ရှောင်လမ်းရှိ ကွင်းအမှတ် ၁၄၃၁၊ ဦးပိုင် ၄၂ တောင်သူ ဦးခင်စိုး ပိုင်ဆိုင်သော လယ်မြေ ဧရိယာ ၀.၅၀ ဧက နေရာတို့တွင် ဒီဇင်ဘာ ၁၅ရက်နေ့ ညနေပိုင်းက သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့ထုတ် စိုက်ပျိုးမှုထွန်တုံးပိတ်ပွဲ အခမ်းအနားပြုလုပ်ခဲ့သည်။