ကျောက်ဖြူမြို့တွင် ရေငန်ပုစွန်သားပေါက် မျိုးစိုက်ထည့်ခြင်းအခမ်းအနားကျင်းပ

ကျောက်ဖြူ ဒီဇင်ဘာ ၁၇

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ ရေငန်ပုစွန်သားပေါက်မျိုးစိုက် ထည့်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်း က ကျောက်ဖြူမြို့၊ ငလပွေ့ရပ်ကွက်ရှိ ငလပွေ့ချောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးကြည်ဝင်းက အခမ်းအနားတက်ရောက်လာသည့် ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ ငါးလုပ်ငန်းဦးစီးဌာနမှ ဝန်ထမ်းများ၊ ရေငန်ပုစွန်သားဖောက်စခန်းမှ ဝန်ထမ်းများနှင့် ရပ်ကွက်နေပြည်သူများကို မျိုးစိုက်ထည့်မည့် ရေငန်ပုစွန်သားပေါက်များအား ပေးအပ်ပြီး ငလပွေ့ချောင်းအတွင်းသို့ ရေငန်ပုစွန်သားပေါက်ကောင်ရေ ငါးသိန်းကို မျိုးစိုက်ထည့် ခဲ့ကြသည်။

ကျောက်ဖြူခရိုင် ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ရေငန်ပုစွန် သားပေါက်ကောင်ရေငါးသိန်းအား မျိုးစိုက်ထည့်ရန် ရည်မှန်းထားရှိပြီး ထိုသို့ ရေငန်ပုစွန် သားပေါက်မျိုးစိုက်ထည့်ခြင်းဖြင့် မိမိတို့ဒေသတွင် ငါး/ပုစွန်သယံဇာတမျိုး ပြုန်းတီးမှုမရှိစေပဲ ရေရှည် ထုတ်လုပ်စားသုံးနိုင်မည်ဖြစ်ကာ သဘာဝရေပြင်အတွင်း ငါး/ပုစွန်များ ပေါများစွာ တည်ရှိနေခြင်းကြောင့် ဒေသခံများမှာ အလုပ်အကိုင်အခွင့် အလမ်းများ ပိုမိုရရှိလာမည်ဖြစ်ကြောင်း ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူးထံမှ သိရသည်။

အဆိုပါ ရေငန်ပုစွန်သားပေါက်မျိုး စိုက်ထည့်ခြင်းအခမ်းအနားသို့ ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ဌာနမှူးနှင့် ဝန်ထမ်းများ၊ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားရေးမှူး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊  ရေငန်ပုစွန်သားဖောက်စခန်းမှ တာဝန်ခံအရာရှိနှင့် ဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရ သည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း(ပြန်/ဆက်)