ဟင်္သာတ ဒီဇင်ဘာ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၌ ၂၀၂၃-၂၀၂၄ ခုနှစ် မြို့နယ်လုံးကျွတ် ပိုက်ဆံလျှော်မျိုးစေ့ထုတ် ကွင်းပိတ် စိုက်ပျိုးပွဲကို ဟင်္သာတမြို့နယ်၊ ပြာကတတ်ကျေးရွာအုပ်စု၊ စံပယ်ကွင်းကျေးရွာရှိ တောင်သူ ဦးအားတင့်ပိုင်ဆိုင်သော ကွင်းအမှတ် ၁၅၁၃၊ ဦးပိုင်အမှတ် ၄၁/၂ ရှိလယ်မြေ ၃ ဧကနှင့် ကုန်းကြီးကျေးရွာအုပ်စု အမှတ် ၁ မြို့ရှောင်လမ်းရှိကွင်းအမှတ် ၁၄၃၁၊ ဦးပိုင် ၄၂ တောင်သူ ဦးခင်စိုး ပိုင်ဆိုင်သော လယ်မြေ ဧရိယာ ၀.၅၀ ဧက နေရာတို့တွင် ဒီဇင်ဘာ ၁၅ရက်နေ့ ညနေပိုင်းက သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့ထုတ် စိုက်ပျိုးမှုထွန်တုံးပိတ်ပွဲ အခမ်းအနားပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းက လယ်ယာမြေများတွင် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) စိုက်ပျိုး ခြင်းဖြင့် အချိန်တိုကာလအတွင်း သစ်စိမ်းမြေသြ ဇာ၊ ဇီဝမြေသြဇာနှင့် သစ်ဆွေးဓာတ်များရရှိနိုင်၍ လယ်ယာမြေအတွင်းရှိ ပေါင်းပင်များကို နှိမ်နင်းနိုင်ပြီး အကျိုးပြုအနုဇီဝပိုးများ၊ မြေဆီလွှာအတွင်းရှိ အကျိုးပြုသက်ရှိများကိုလည်း အသက်ရှင် တိုးပွားစေနိုင်ကြောင်း၊ ဓာတ်မြေသြဇာ သုံးစွဲမှုအား လျှော့ချနိုင်ပြီး သဘာဝပတ်ဝန်းကျင်ရှိ မြေဆီလွှာနှင့် ရေတို့ကို ဓာတုအဆိပ်သင့်မှု လျော့နည်းစေကာ မြေဆီလွှာ၏ ချဉ်ငံဓာတ်ကို လည်း ထိန်းညှိပေးသည့် အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း တောင်သူများအား အသိပညာပေးပြော ကြား၍ တာဝန်ရှိသူများနှင့် အတူ ပိုက်ဆံလျှော် (မျိုးစေ့ထုတ်) ကွင်းပိတ် စိုက်ပျိုးပေးခဲ့ကြသည်။ ထို့နောက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ဟင်္သာတမြို့နယ်အတွင်း ပိုက်ဆံလျှော် (၂၇၀၀) ဧက စိုက်ပျိုးပြီးစီးမှု အခြေအနေများ စိုက်ပျိုးထားရှိသော စိုက်ခင်းများကို လိုက်လံပြသ ရှင်းလင်းတင်ပြခဲ့ရာ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။
အခမ်းအနားသို့ ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညွှန့်ဆန်းထွန်း နှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့် မြိုနယ်စိုက်ပျိုး ထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဝန်ထမ်းများ၊ လူမှုရေး အသင်းဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်(ဟင်္သာတ)