သတင်းများ

တာချီလိတ် ဘောလုံးအကယ်ဒမီအသင်းနှင့် ချင်းရိုင်းယူနိုက်တက်အကယ်ဒမီအသင်းတို့ ချစ်ကြည်ရေးခြေစမ်းပွဲ ကျင်းပ
Dec 17,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ဘောလုံးအကယ်ဒမီအသင်းနှင့် ထိုင်းနိုင်ငံ၊ ချင်းရိုင်း ယူနိုက်တက်အကယ်ဒမီအသင်းတို့ ချစ်ကြည်ရေးခြေစမ်းပွဲကို ပထမပွဲစဉ်ဖြစ် အသက် (၁၄/၁၅) နှစ်အောက်နှင့် ဒုတိယပွဲစဉ်ဖြစ် အသက် (၁၃/၁၄) နှစ်အောက် ခြေစမ်းပွဲကို ဒီဇင်ဘာလ (၁၆) ရက် မွန်းလွှဲပိုင်းက တာချီလိတ် မြို့မအားကစားကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သည်။
လွိုင်လင်-ပင်လုံမြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး
Dec 17,2023
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ်၊ လွိုင်လင်-ပင်လုံ မြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များအား စက်သုံး‌ဆီပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းများ အဆမတန်ရောင်းချမှုမရှိစေရေး၊ မီးဘေးအန္တရာယ် ကာကွယ်ရေးတို့အတွက် လွိုင်လင်ခရိုင် ရေနံထွက်ပစ္စည်းများ တင်သွင်း၊ သိုလှောင်၊ သယ်ယူချက်လုပ်၊ ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေး ဆပ်ကော်မတီအဖွဲ့က ယမန်နေ့ ညနေပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့သည်။
မင်းလှမြို့နယ်တွင် သုတဓမ္မဒီပလိုမာ စာမေးပွဲဖြေဆို ကျင်းပ
Dec 17,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ပညာဘူမိတက္ကသိုလ် (University Of Wisdom Land) မှ ကြီးမှူးကျင်းပသည့် သုတဓမ္မဒီပလိုမာစာမေးပွဲ ပဲခူးစာဖြေဌာန (၅) ကို အမှတ် (၆) ရပ်ကွက်၊ သာသနာ့ဗိမာန်တော်ကြီးတွင် ဒီဇင်ဘာ (၁၆) ရက် နေ့လယ် (၁း၀၀) နာရီချိန်က စတင်ဖြေဆို ကျင်းပခဲ့သည်။
ကွန်ဟိန်းမြို့၌ (၂၁) ကြိမ်မြောက် မဟာကမ္ဘောဇ ပြည်ငြိမ်းအေးစေတီ ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်းအနား ကျင်းပ
Dec 17,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့၌ (၂၁) ကြိမ်မြောက် မဟာကမ္ဘောဇ ပြည်ငြိမ်းအေးစေတီ ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်းအနားအား ယနေ့နံနက် (၇:၀၀) နာရီခန့်က စေတီတော်မုခ်ဦးရှေ့တွင် ကျင်းပခဲ့ကြောင်း သိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် မြန်အောင်ခရိုင် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ တောင်သူများနှင့်တွေ့ဆုံ
Dec 17,2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် မြန်အောင်ခရိုင်အတွင်းရှိ ဒေသခံပြည်သူများနှင့် ယမန်နေ့မွန်းလွဲပိုင်းက အောင်ဇေယျအားကစားခန်းမ၌ တွေ့ဆုံခဲ့သည်။
အခြေခံပညာကျောင်းသား အားကစားပွဲတော်တွင် ဂုဏ်ပြုဆုရရှိခဲ့ကြသည့် ရန်ကုန်တိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်ကျောင်းသား/သူ အားကစားသမားများအား ကြိုဆိုဂုဏ်ပြု
Dec 17,2023
၂၀၂၃-ခုနှစ် ဒီဇင်ဘာလ (၄) ရက်နေ့မှ ဒီဇင်ဘာလ (၁၅) ရက်နေ့အထိ နေပြည်တော်တွင် ကျင်းပခဲ့သည့် U-18 အခြေခံပညာကျောင်းသား အားကစားပွဲတော်တွင် ရွှေတံဆိပ် (၃) ဆု၊ ငွေတံဆိပ် (၂) ဆု၊ ကြေးတံဆိပ် (၂) ဆုဖြင့် ထူးချွန်ဆုများ အသီးသီးရရှိခဲ့ကြသည့် ရန်ကုန်တိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်ကျောင်းသား/သူ အားကစားသမားများအား ယမန်နေ့ မွန်းလွဲပိုင်းအချိန်က အခြေခံပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူး ဒေါက်တာချိုချိုမြအောင်နှင့် ခရိုင်/မြို့နယ်ပညာရေးမှူးများ၊ အထက်တန်းကျောင်းအုပ်ကြီးများက ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ် အောက်ကြည့်မြင်တိုင်လမ်းရှိ တိုင်းဒေသကြီးပညာရေးမှူးရုံး၌ သောင်းသောင်းဖြဖြ အားပေးကြိုဆို ဂုဏ်ပြုခဲ့ကြသည်။
(၄၉)​နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် ရခိုင်သမိုင်းဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲကျင်းပ
Dec 17,2023
ရခိုင်စာပေနှင့် ယဥ်ကျေမှုအဖွဲ့ (ရန်ကုန်)က ကြီးမှူးကျင်းပသည့် (၄၉)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ် ရခိုင်သမိုင်းဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ရွှေတိဂုံစေတီတော် အလယ်ပစ္စယံရှိ ရခိုင်ပြည်နယ်ဓမ္မာရုံ၌ ကျင်းပသည်။
မြို့သစ်မြို့နယ်၌ မိုးစပါးစံကွက် ရိတ်သိမ်းပွဲ ကျင်းပ
Dec 17,2023
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ မိုးရာသီတွင် စိုက်ပျိုးခဲ့သော မိုးစပါးစံကွက်ရိတ်သိမ်းခြင်း အခမ်းအနားကို ယမန်နေ့နံနက် (၈) နာရီက မင်းရပ်ကွက်၊ ကွင်းအမှတ် (၂၆၀၈.ခ)၊ ဦးပိုင် (၉၃.၁) တောင်သူဦးအေးထွန်း၏ စိုက်ကွက်တွင် ဆောင်ရွက်ခဲ့သည်။