ကော့မှူးတွင် ပထမမင်္ဂလာစာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပ
Dec 16,2023
ကျောင်းသား/ကျောင်းသူ လူငယ်လူရွယ်များအနေဖြင့် နောင်တစ်ချိန်တွင် တိုင်းပြည်၏တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြမည့်သူများဖြစ်သည့်အတွက် အသိပညာဗဟုသုတတိုးပွားစေရန် ဗလငါးတန်နှင့်ပြည့်စုံစေရန် ရည်ရွယ်၍ Book Club အဖွဲ့ဝင်များနှင့်စာဖတ်ဝိုင်းကို ယနေ့နံနက်က ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။