သတင်းများ

ဟားခါးမြို့၌ ဒီဇင်ဘာ(တတိယပတ်)လူထုစုပေါင်းလမ်းလျှောက်ပွဲပြုလုပ် ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းအင်အား ၅၀၀ ဦးခန့် ပါဝင်ဆင်နွှဲ
Dec 16,2023
ပြည်သူတစ်ဦးချင်းမှအစပြု၍ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် မြန်မာ့အားကစားလောကအဆင့်အတန်း တိုးတက်မြင့်မားစေရန်ရည်ရွယ်၍ ဒီဇင်ဘာ(တတိယပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲကို ဒီဇင်ဘာ ၁၆ ရက် နံနက် ၆ နာရီခွဲက ချင်းပြည်နယ်၊ ဟားခါးမြို့၌ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးနေစိုး၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးချုပ်နိုင်ဝင်းအောင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ် ဦးဆွန်ဒုတ်ကျင့်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးအောင်ချို၊ စစ်ဗျူဟာအခြေချ(ဟားခါး)မှ စစ်ဗျူဟာမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မိသားစုဝင်များ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်းအင်အား(၅၀၀)ဦးခန့် ပါဝင်ဆင်နွှဲကြသည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီးသည် တလိုင်းကွင်းကျေးရွာအုပ်စုတွင် ပိုက်ဆံလျှော်(သစ်စိမ်းမြေဩဇာ)မျိုးစေ့ထုတ်ကွင်းပိတ် ကြဲပက်ခြင်းအခမ်းအနားသို့တက်ရောက်
Dec 16,2023
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီးဦးတင်အေးသည် မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမျိုးလှိုင်နှင့်အဖွဲ့ဝင်များ၊ ကြံခင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသိန်းတန်နှင့်အဖွဲ့ဝင်များနှင့်အတူ ယမန်နေ့ညနေပိုင်းက ကြံခင်းမြို့နယ် တလိုင်းကွင်းကျေးရွာအုပ်စုရှိ  တောင်သူဦးနန္ဒာနေမျိုးမောင်၏ လယ်မြေတွင် ပိုက်ဆံလျှော်(သစ်စိမ်းမြေဩဇာ)မျိုးစေ့ထုတ်ကွင်းပိတ်ကြဲပက်ခြင်းအခမ်းအနားသို့ တက်ရောက်ကြောင်း သိရသည်။
၂၀၂၄ခုနှစ် ၇၆ နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ကျပန်းစကားပြောပြိုင်ပွဲများ ကျင်းပ
Dec 16,2023
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၌ ၂၀၂၄ခုနှစ် ၇၆ နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ကျပန်းစကားပြောပြိုင်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ကျောက်တန်းမြို့နယ် မြို့မအခြေခံပညာအလယ်တန်းကျောင်း ရွှေသံလွင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
(၂၂)ကြိမ်မြောက် ပအိုဝ်းအမျိုးသားဘောလုံးအဖွဲ့ချုပ်(PNFF)ဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲကျင်းပ
Dec 16,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင် (၂၂)ကြိမ်မြောက် ပအိုဝ်းအမျိုးသားဘောလုံးအဖွဲ့ချုပ်(PNFF)ဥက္ကဋ္ဌဖလား(အလွတ်တန်း)နှင့် ကန်တော်ကြီးဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲဖွင့်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက နောင်ကားစံပြကျေးရွာ၊ အားကစားကွင်းတွင် ကျင်းပပြုလုပ်သည်။
အင်္ဂပူမြို့နယ်၌ ၂၀၂၃-၂၀၂၄ ခုနှစ်၊ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)မျိုးစေ့ထုတ်စိုက်ပျိုးမှုထွန်တုံးပိတ်ပွဲ အခမ်းအနားပြုလုပ်
Dec 16,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ အောက်ရွာကြီးကျေးရွာအုပ်စု၊ သိုက်တူးကွင်းကျေးရွာ၊ ကွင်းအမှတ်-၇၆၀၊ ဦးပိုင်အမှတ်(၁၃၂/၁၃၃)ရှိ တောင်သူဦးမျိုးညွန့်ဦး၏ လယ်ယာ‌မြေတွင် ယမန်နေ့နံက ၂၀၂၃-၂၀၂၄ ခုနှစ်၊ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) မျိုးစေ့ထုတ်စိုက်ပျိုးမှုထွန်တုံးပိတ်ပွဲ အခမ်းအနားပြုလုပ်ခဲ့သည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်း​ဦး ဥတ္တရသီရိမြို့နယ် အမှတ်(၁၂) အခြခံပညာအထက်တန်းကျောင်းတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများအား ကြည့်ရှုအားပေး
Dec 16,2023
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် အဖွဲ့ဝင်များသည် ဥတ္တရခရိုင် ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးမင်းခိုင်ဝင်း၊  ဥတ္တရသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်သိန်းနှင့် အဖွဲ့ဝင်များ လိုက်ပါလျက် ယနေနံနက်ပိုင်းတွင် ဥတ္တရသီရိမြို့နယ် အမှတ်(၁၂) အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်း၊ အပြင် ကျောင်းအင်္ဂါရပ်နှင့်အညီ သန့်ရှင်းသပ်ရပ်ပြီး ကျောင်းသား၊ ကျောင်သူများ   စိတ်အေးချမ်းစွာ ပညာသင်ယူနိုင်စေနိုင်ရန်   စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား လာရောက်ကြည့်ရှုအားပေးခဲ့သည်။
ထန်းတပင်မြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ (ဆီထွက်သီးနှံ) မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေပေးအပ်ပွဲအခမ်းအနား ကျင်းပ
Dec 16,2023
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ခုနှစ် ဘဏ္ဍာရေး နှစ်တွင် အကောင် အထည်ဖော်ဆောင်ရွက်မည့် (ဆီထွက်သီးနှံ) မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက သရက်ပင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဒီဇင်ဘာအားကစားလ(တတိယပတ်)လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ပါဝင်ဆင်နွှဲ
Dec 16,2023
ဒီဇင်ဘာလ ၁၆ ရက်နေ့နံနက်ပိုင်းက ပဲခူးမြို့တွင်ကျင်းပပြုလုပ်သည့် ဒီဇင်ဘာအားကစားလ  (တတိယပတ်)လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်ဌာနဆိုင်ရာများ ပါဝင်ဆင်နွှဲခဲ့ကြသည်။