သတင်းများ

စစ်ဆင်ရေးဒဏ်ရာရ တပ်မတော်သားများအား မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်မှ အလှူငွေများ၊ စားသောက်ကုန်၊ လူသုံးကုန်များ ထောက်ပံ့ပေးအပ်ခြင်းနှင့် စစ်ဆင်ရေးဆေး ပဒေသာပင်သို့ အလှူငွေများလှူဒါန်း
Dec 17,2023
ပြင်ဦးလွင်မြို့၊ အမှတ်(၁) တပ်မတော်ဆေးရုံ (ခုတင် ၇၀၀) တွင် ဆေးဝါးတက်ရောက် ကုသနေသော စစ်ဆင်ရေးဒဏ်ရာရ တပ်မတော်သားများအား မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်မှ အလှူငွေများ၊စားသောက်ကုန်၊ လူသုံးကုန်များ ထောက်ပံ့ပေးအပ်ခြင်းနှင့် စစ်ဆင်ရေးဆေး ပဒေသာပင်သို့ အလှူငွေများလှူဒါန်းပွဲအခမ်းနားကို ယနေ့ မွန်းလွဲ (၁၃) နာရီက ပြင်ဦးလွင်မြို့၊ အမှတ်(၁) တပ်မတော်ဆေးရုံ (ခုတင် ၇၀၀) ၏ အစည်းအဝေးခန်းမတွင် ကျင်းပသည်။
ဓါတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများ ဘေးအန္တရာယ်ကင်းရှင်းရေး စီမံခန့်ခွဲခြင်းဆိုင်ရာ အသိပညာပေး သင်တန်းဆင်းလက်မှတ်ချီးမြှင့်
Dec 17,2023
ပုဂ္ဂလိကလုပ်ငန်းကဏ္ဍတွင် ဓါတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများနှင့် ဆက်လျဉ်းစပ်၍ လုပ်ငန်း တည်ထောင်ထားသူများ၊ ယင်းလုပ်ငန်းတွင် ကြီးကြပ်ဆောင်ရွက်နေသူများအတွက် ဓါတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ၏ ဘေးအန္တရာယ်များအပေါ် ကြိုတင်ကာကွယ်စီမံခန့်ခွဲမှုကို စနစ်တကျ ဆောင်ရွက်ရာတွင် အထောက်အကူပြုစေရန် ရည်ရွယ်၍ ၂၀၂၃-ခုနှစ်၊ အောက်တိုဘာလ၊ နိုဝင်ဘာလတို့တွင် သင်ကြားပို့ချခဲ့သည့် ဓါတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ ဘေးအန္တရာယ်ကင်းရှင်းရေး စီမံခန့်ခွဲခြင်းဆိုင်ရာ အသိပညာပေးသင်တန်း၏ သင်တန်းဆင်းပွဲကို ယမန်နေ့တွင် အသင်းချုပ်၌ ကျင်းပခဲ့ပါသည်။
စာဆိုတော်နေ့အထိမ်းအမှတ် သက်ကြီးစာဆိုတော်များအားပူဇော်ကန်တော့
Dec 17,2023
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် မြန်မာနိုင်ငံစာရေးဆရာအသင်း၊ တောင်ကြီးမြို့နယ်မှ ကြီးမှူးကျင်းပသည့် စာဆိုတော်နေ့အထိမ်းအမှတ် သက်ကြီးစာဆိုတော်များအား ပူးဇော်ကန်တော့ပွဲကို ယနေ့ မွန်းလွဲ ၁ နာရီက တောင်ကြီးမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံ သုံးခန်းမ၌ ကျင်းပပြုလုပ်သည်။
ရေအားလျှပ်စစ်စက်ရုံ တည်ဆောက်ရာ၌ အခက်အခဲ မဖြစ်ပေါ်စေရေး ဆောင်ရွက်
Dec 17,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ရေအားလျှပ်စစ်စက်ရုံ တည်ဆောက်ရာ၌ အခက်အခဲ မဖြစ်ပေါ်စေရေးအတွက် ယမန်နေ့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေနှင့် တာဝန်ရှိသူများက ကွင်းဆင်းလေ့လာခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
တောင်ကြီးတက္ကသိုလ်တွင် (၂၉)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ
Dec 17,2023
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ တောင်ကြီးတက္ကသိုလ်၏ (၂၉)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက တောင်ကြီးတက္ကသိုလ်၊ ဘက်စုံသုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ သည်။
ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ နေကြာ (၉၈၆၅) ဧက စိုက်ပျိုးပြီးစီး
Dec 17,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဒေသတွင်းစားသုံးဆီ ဖူလုံပိုလျှံစေရေးအတွက် ဒေသခံတောင်သူများက မဲဇလီရေလွှဲဆည်ရေကို အမှီပြု၍ နေကြာသီးနှံများကို ကြိုးပမ်းစိုက်ပျိုးလျက်ရှိရာ ယနေ့အထိ နေကြာသီးနှံ (၉၈၆၅) ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။
မြင်းခြံမြို့၌ ခရိုင်/မြို့နယ်အဆင့် Grade 5 စာမေးပွဲဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ
Dec 17,2023
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ခရိုင်/မြို့နယ်အဆင့် Grade 5 စာမေးပွဲဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ဒီဇင်ဘာလ ၁၅ ရက်နေ့ နံနက် (၁၀) နာရီအချိန်က အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် ဒီဇင်ဘာအားကစားလ တတိယပတ် လူထုစုပေါင်းလမ်း လျှောက်ပွဲကျင်းပ
Dec 17,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ဒီဇင်ဘာအားကစားလ တတိယပတ် လူထုစုပေါင်း လမ်းလျှောက်ပွဲကို ယမန်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ ကန်သာယာကန် ပြည်ထောင်စုရင်ပြင်တွင် ကျင်းပရာ လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသ ကြီး/ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်/ဒီဂရီကောလိပ်၊ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းများမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ/ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ မြို့နေပြည်သူများနှင့် အားကစားကို ချစ်မြတ် နိုးသူများ တက်ရောက်ကြသည်။