သတင်းများ

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းနှင့် စာအုပ်၊ စာစောင်ပြပွဲကျင်းပ
Dec 16,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက်(၁၁)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာအထက်တန်းကျောင်းတို့ပူးပေါင်းကာ လူငယ်စကားဝိုင်း ကျင်းပပြုလုပ်သည်။
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ဒီဇင်ဘာလူထုအားကစားလ(တတိယပတ်)လူထုစုပေါင်းလမ်းလျှောက်ပွဲဆင်နွှဲ
Dec 16,2023
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလူထုအားကစားလ(တတိယပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲနှင့် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၅ နာရီခွဲခန့်က ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်၊ သီရိလမ်း၊ ဝန်ကြီးများအိမ်ရာရှေ့၌ စုရပ်ပြုလုပ်၍ ကျင်းပသည်။
မိုင်းယောင်း၌ အခြေခံစာတတ်မြောက်ရေးသင်တန်းဖွင့်လှစ်နိုင်ရန် ညှိနှိုင်းစည်းဝေး
Dec 16,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် အခြေခံစာတတ်မြောက်ရေးသင်တန်းဖွင့်လှစ်နိုင်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို  ယမန်နေ့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗလမင်းထင်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒီဇင်ဘာအားကစားလ တတိယအပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲ၊ အကြိမ်(၂၀)နှင့်အထက် သွေးလှူရှင်များအား ဂုဏ်ပြုပွဲနှင့် မြစ်ကြီးနားမြို့နယ်အတွင်းရှိ နေရပ်ပြန် ပြည်သူများအတွက် အိမ်မွေးတိရစ္ဆာန်များ ထောက်ပံ့
Dec 16,2023
ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ဒီဇင်ဘာအားကစားလ လူထုလှုပ်ရှားမှုအဖြစ် တတိယအပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယနေ့ နံနက် ၅ နာရီခွဲက မြစ်ကြီးနားမြို့၌ ကျင်းပပြုလုပ်ရာ သီတာရပ်ကွက် ပြည်နယ်ဘောလုံးကွင်းရှေ့စုရပ်မှ တစ်ပျော်တစ်ပါး စုပေါင်းလမ်းလျှောက်ခဲ့ကြသည်။
ရွှေဘိုတက္ကသိုလ်၌ နဝမအကြိမ်​မြောက်ဘွဲ့နှင်းသဘင် ကျင်းပ
Dec 16,2023
စစ်ကိုင်းတိုင်း​ဒေသကြီး၊ ရွှေဘိုတက္ကသိုလ်တွင် နဝမအကြိမ်​မြောက်ဘွဲ့နှင်းသဘင် အခမ်းအနားကို ယ​နေ့နံနက် ၉ နာရီချိန်က တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုင်းဆတ်မြို့မဈေး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဆောင်ရွက်
Dec 16,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့မဈေးတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းကို ယမန်နေ့မွန်းလွဲ(၂)နာရီက အဆိုပါဈေးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ မီးဘေးအန္တရာယ်ကင်းဝေးစေရန် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်
Dec 16,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်မီးသတ်ဦးစီးဌာနက ပွင့်လင်းရာသီကာလ ရောက်ရှိလာပြီဖြစ်၍ မြို့နယ်အတွင်း ဒေသခံပြည်သူများ  မီးဘေးအန္တရာယ်ကင်းဝေးစေရန်ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီက မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဖျာပုံခရိုင်ရုံး Community Centre ခန်းမ၌ ပန်းချီပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ စာအုပ်ပြပွဲပြသဆောင်ရွက်
Dec 16,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျောင်းသား၊ ကျောင်းသူများ ကာယဥာဏစွမ်းရည်များဖွံ့ဖြိုးတိုးတက်စေရေး၊ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်လာစေရန်ရည်ရွယ်၍ ပန်းချီပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ စာအုပ်ပြပွဲပြသဆောင်ရွက်ခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းအချိန်က အဆိုပါခန်းမ၌ပြုလုပ်ဆောင်ရွက်သည်။