သတင်းများ

ဒဂုံမြို့သစ်‌ (မြောက်ပိုင်း) မြို့နယ် (၅၀) ဈေးတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးစစ်ဆေးခြင်းများဆောင်ရွက်
Dec 17,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်‌ (မြောက်ပိုင်း)မြို့နယ်၊ (၅၀) ရပ်ကွက်၊ ၅၀- ဈေးတွင် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးအတွက် စစ်ဆေးခြင်းတို့ကို ယမန်နေ့ ညနေပိုင်း က အသိပညာပေး လိုက်လံစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြသည်။
ကျောင်းကုန်းမြို့ ပညာဘူမိတက္ကသိုလ်မှ ဦးစီးကျင်းပသော သုတဓမ္မဒီပလိုမာ Level(1) စာမေးပွဲ ဧရာဝတီစာဖြေဌာန (၁)၌ ဖြေဆို
Dec 17,2023
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အမှတ် (၂)ရပ်ကွက် ဒက္ခိဏာရာမ(ရွှေကျင်) ပရိယတ္တိစာသင်တိုက် မျက်ရှင်တော် ပြည်လုံးချမ်းသာ ဘုရားကြီးဝန်းအတွင်းရှိ ဓမ္မသဟာယမဉ္ဇရီဗိမာန်တွင် ပညာဘူမိတက္ကသိုလ်မှ ဦးစီးကျင်းပသော သုတဓမ္မ ဒီပလိုမာ Level (1) စာမေးပွဲ ဧရာဝတီစာဖြေဌာန(၁)ဖြေဆိုမှုကို ယနေ့ မွန်းလွဲ ၁ နာရီအချိန် စတင်ဖြေဆိုခဲ့ကြသည်။
ကျောက်တလုံးကြီးမြို့တွင် (၂၂)ကြိမ်မြောက် ပအိုဝ်းအမျိုးသားဘောလုံးအဖွဲ့ချုပ် (PNFF) ဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲကျင်းပ
Dec 17,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင် (၂၂)ကြိမ်မြောက် ပအိုဝ်းအမျိုးသားဘောလုံးအဖွဲ့ချုပ် (PNFF) ဥက္ကဋ္ဌ ဖလား (အလွတ်တန်း)နှင့် ကန်တော်ကြီးဥက္ကဋ္ဌ ဖလား ဘောလုံးပြိုင်ပွဲဖွင့်ပွဲကို ဒီဇင်ဘာလ ၁၅ ရက်နေ့ နံနက် ၁၀ နာရီက နောင်ကားစံပြကျေးရွာ၊ အားကစားကွင်းတွင် ကျင်းပပြုလုပ်သည်။
ညောင်ဦးမြို့နယ် တောင်ဇင်းကျေးရွာအုပ်စုအတွင်းရှိ ဒေသခံပြည်သူများအား အထူးကုဆရာဝန်ကြီးများပါဝင်သော အထူးကုအဖွဲ့မှ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အခမဲ့ဆောင်ရွက်ပေး
Dec 17,2023
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကုတင်(၂၀၀)ဆံ့ ပြည်သူ့ဆေးရုံးကြီးမှ အထူးကု ဆရာဝန်ကြီးများပါဝင်သော အထူးကုအဖွဲ့မှ တောင်ဇင်းအုပ်စုအတွင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အခမဲ့ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက တောင်ဇင်းအုပ်စု တိုက်နယ်ဆေးရုံဝင်းအတွင်း ကုသခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပခုက္ကူမြို့၊ အမှတ်(၃)ရပ်ကွက်၌ ရွှေချောင်းရေတိုက်စားမှုကာကွယ်ရေးနိုင်ရေး ကွန်ကရစ်ပိုင်အခြေပြု ကျောက်စီမြေထိန်းနံရံ တည်ဆောက်မှု လုပ်ငန်း ၆၈ ရာခိုင်နှုန်းကျော်ပြီးစီး
Dec 17,2023
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၃)ရပ်ကွက်၌ ရွှေချောင်းရေတိုက်စားမှု ကာကွယ်နိုင်ရေးအတွက် ကွန်ကရစ်ပိုင် အခြေပြုကျောက်စီ မြေထိန်းနံရံတည်ဆောက်မှုလုပ်ငန်းကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့မှ စတင်၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ ၆၈ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ် ကြောင်း သိရသည်။
အရင်းအနှီးနည်းသော တစ်ရှူးငှက်ပျောစိုက်ပျိုးရောင်းချခြင်းဖြင့် အပိုဝင်ငွေ ရရှိနိုင်
Dec 16,2023
အရင်းအနှီးကုန်ကျစရိတ် အလွန်နည်းပါးပြီး ဝင်ငွေပိုမိုရရှိသည့်အတွက် ဒေသခံစိုက်ပျိုးရေးလုပ်ကိုင်သူများသည် ယခုအခါ တစ်ရှူးငှက်ပျောပင် စိုက်ပျိုးသူ များပြားလာကြောင်း  စစ်ကိုင်းခရိုင်၊ မြင်းမူမြို့ပေါ်ရှိ တစ်ပိုင်တစ်နိုင် ငှက်ပျောစိုက်ပျိုးသူများထံမှ သိရှိရသည်။
မိုင်းယောင်းမြို့တွင် စားရေရိက္ခာ ဖူလုံစေရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ထားရှိမှု ကွင်းဆင်းကြည့်ရှု
Dec 16,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် စားရေရိက္ခာ ဖူလုံစေရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေကို ယမန်နေ့က ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
စေတုတ္တရာမြို့နယ်၌ ၂၀၂၄ ခုနှစ် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့မြို့နယ်အဆင့်စာစီစာကုံး၊ ကဗျာနှင့်ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ
Dec 16,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် ၂၀၂၄ ခုနှစ် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့မြို့နယ်အဆင့်စာစီစာကုံး၊ ကဗျာနှင့် ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ပညာရေးမှူးရုံးအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။