ပဲခူးတိုင်းဒေသကြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး ဘာသာရပ်ဆိုင်ရာသိကောင်းစရာများ ဟောပြောပွဲ ပဲခူးမြို့တွင် ကျင်းပပြုလုပ်

ပဲခူး ဒီဇင်ဘာ ၁၇

ပဲခူးတိုင်းဒေသကြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး ဘာသာရပ်ဆိုင်ရာ သိကောင်းစရာများ ဟောပြောပွဲကို ဒီဇင်ဘာလ (၁၇) ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့ အမှတ် () အခြေခံပညာအထက်တန်းကျောင်း၊ သီရိပညာခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်ဦးက ယနေ့ကျင်းပပြုလုပ်သည့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး ဘာသာရပ်ဆိုင်ရာ သိကောင်းစရာများ ဟောပြောဆွေးနွေးပွဲသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကြီးမှ တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသား/ ကျောင်းသူများအတွက် အောင်ချက်မြင့်မာရေး အလုပ်ရုံဆွေးနွေးပွဲများ ဆောင်ရွက်ရန် လမ်းညွှန်မှုအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီး၏ တက္ကသိုလ်ဝင်တန်း အောင်ချက်သည် ၂၀၂၂ ခုနှစ်တွင် (၄၆.၀၈) ရာခိုင်နှုန်းရှိပြီး ၂၀၂၃ ခုနှစ်တွင် (၆၈.၈၃) ရာခိုင်နှုန်းရှိကြောင်း၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း အောင်ချက်ပိုမိုမြင့်မားရေးအတွက် ရလဒ်ကောင်းများရရှိစေဖို့အတွက် စာမေးပွဲနှင့်ပတ်သက်ပြီး ကျွမ်းကျင်မှုရှိသည့် ဆရာကြီး၊ ဆရာမကြီးများနှင့် ဘာသာရပ်သင် ဆရာ၊ ဆရာမများအားလုံး ပူးပေါင်းဆောင်ရွက်သွားကြရန်၊ ဆရာ၊ ဆရာမများအနေဖြင့် ဘာသာရပ်ဆိုင်ရာသိကောင်းစရာများ ဟောပြောဆွေးနွေးပွဲမှရရှိသည့် စာမေးပွဲနှင့်ပတ်သက်သည့် အကြောင်းအရာများကို မိမိတို့ကျောင်းသား၊ ကျောင်းသူများအား အကောင်းဆုံးပြန်လည်သင်ကြားပြီး စာမေးပွဲဖြေဆိုသာများအားလုံး ၂၀၂၄ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်နိုင်အောင် ကြိုးစားသင်ကြားပေးကြရန် အမှာစကားပြောကြားသည်။

ထို့နောက် ပဲခူးတက္ကသိုလ်ပါမောက္ခချုပ် ဆရာမကြီးဒေါ်အေးအေးခိုင်က ပဲခူးတိုင်းဒေသကြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် ဘာသာရပ်ဆိုင်ရာ သိကောင်းစရာများနှင့် ပတ်သက်၍ ဟောပြောပြီး ပဲခူးတိုင်းဒေသကြီးပညာရေးမှူး ဆရာကြီးဦးမျိုးဝင်းအောင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ယင်းနောက် လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းဦးနှင့် တာဝန်ရှိသူများက ဆွေးနွေးပွဲတက်ရောက်လာကြသည့် ဆရာ၊ ဆရာမများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ပြီး ပဲခူးတက္ကသိုလ်မှ သင်တန်းနည်းပြများမှ ဘာသာရပ်အလိုက် ဆွေးနွေးဟောပြောပို့ချနေမှုကို လိုက်လံကြည့်ရှု့ အားပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ ပဲခူးတိုင်းဒေသကြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး ဘာသာရပ်ဆိုင်ရာ သိကောင်းစရာများ ဟောပြောပွဲသို့ ပဲခူးခရိုင်နှင့် ညောင်လေးပင်ခရိုင်မှ အခြခံပညာအထက်တန်းသင် ဆရာ၊ ဆရာမ (၈၃၉) ဦးတက်ရောက်ပြီး ပဲခူးတက္ကသိုလ်မှ ပါမောက္ခချုပ်၊ ပါမောက္ခ၊ တွဲဖက်ပါမောက္ခနှင့် ကထိကများပါဝင်သည့် နည်းပြဆရာ၊ ဆရာမ (၂၅) ဦးမှ ဘာသာရပ်အလိုက် ဆွေးနွေးဟောပြောပို့ချသွားမည်ဖြစ်ပြီး တောင်ငူခရိုင် အောင်ချက်မြင့်မားရေးအတွက် တောင်ငူမြို့၊ အမှတ် () အခြေခံပညာအထက်တန်းကျောင်း၌ အထက်တန်းသင် ဆရာ၊ ဆရာမ (၆၁၉) ဦးအား တောင်ငူတက္ကသိုလ်မှ ပါမောက္ခချုပ်၊ ပါမောက္ခ၊ တွဲဖက်ပါမောက္ခနှင့် ကထိကများပါဝင်သည့် နည်းပြဆရာ၊ ဆရာမ (၂၁) ဦးမှလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း) အောင်ချက်မြင့်မားရေးအတွက် ပြည်မြို့ အမှတ် () အခြေခံပညာအထက်တန်းကျောင်း၌ အထက်တန်းသင် ဆရာ၊ ဆရာမ (၁၃၂၈) ဦးအား ပြည်တက္ကသိုလ်မှ ပါမောက္ခချုပ်၊ ပါမောက္ခ၊ တွဲဖက်ပါမောက္ခနှင့် ကထိကများပါဝင်သည့် နည်းပြဆရာ၊ ဆရာမ (၄၃) ဦးတို့မှလည်းကောင်း သက်ဆိုင်ရာ ဘာသာရပ်အလိုက် ဟောပြောဆွေးနွေးသွားကြမည် ဖြစ်ကြောင်းသတင်းရရှိသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)