အခြေခံကျောင်းသား အားကစားပွဲတော် အောင်ပွဲရ အားကစားသမားများအား ဂုဏ်ပြုကြိုဆို
Dec 17,2023
နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့သည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းသား အားကစားပွဲတော်သို့ သွားရောက်ယှဉ်ပြိုင်ခဲ့ပြီး အောင်ပွဲများရရှိခဲ့သည့် ကရင်ပြည်နယ် ကျောင်းသားအားကစားသမားများသည် ဒီဇင်ဘာလ (၁၆) ရက်နေ့ မွန်းလွဲ (၄) နာရီခန့်က ဘားအံမြို့သို့ မော်တော်ယာဉ်များဖြင့် ပြန်လည်ရောက်ရှိလာရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမများ၊ အားကစား ဝါသနာရှင်များက မြို့အဝင်မုခ်ဦးမှစ၍ သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။