စဉ့်ကိုင်မြို့နယ် မြို့မဈေးအတွင်း၌ မီးဘေးလုံခြုံရေးဇာတ်တိုက်လေ့ကျင့်ခြင်း လက်တွေ့သရုပ်ပြသ
Mar 06,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် မြို့မဈေးအတွင်း၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းကာ မီးဘေးလုံခြုံရေးဇာတ်တိုက်လေ့ကျင့်ခြင်း လက်တွေ့သရုပ်ပြသခြင်း အခမ်းအနားကို ယနေ့နံနက် ၉နာရီက ပြုလုပ်ခဲ့ရာ စဉ့်ကိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လင်း၊ အဖွဲ့ဝင် (၂) ဦးရွှေခိုင်၊ ဒုတိယမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးစောအောင်မျိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှူဆောင်အရာရှိ ဦးလှဝင်းနှင့်ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကြည်ဇော်ထိုက်နှင့် သရုပ်ပြမီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ဈေးသူဈေးသားများ အသီးသီးတက်ရောက်ခဲ့ကြကြောင်းသိရသည်။