မန္တလေးတိုင်းဒေသကြီး ၂၀၂၄ ခုနှစ် အစိုးရဓမ္မာစရိယနှင့်ပါဠိပထမပြန်စာမေးပွဲများ အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ
Mar 06,2024
မန္တလေးတိုင်းဒေသကြီးတွင် ၂၀၂၄ ခုနှစ် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲများ အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို မဟာအောင်မြေမြို့နယ်ရှိ တိုင်းဒေသကြီးသံဃနာယကအဖွဲ့ရုံး၊ မစိုးရိမ်တိုက်သစ်ဓမ္မဂါရဝကျောင်း၌ မတ်လ(၅)ရက်နေ့ မွန်းလွဲပိုင်းက ကျင်းပရာ မန္တလေးတိုင်းဒေသကြီးသံဃနာယကအဖွဲ့ဥက္ကဋ္ဌ(သုဓမ္မာ) မစိုးရိမ်တိုက်သစ်၊ ဓမ္မဂါရဝကျောင်း၊ နာယကဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တတိက္ခိန္ဒြိယာဘိဝံသ၊ မန္တလေးတိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ(ရွှေကျင်) အောင်မြေသာစံမြို့နယ်၊ အိုးဘိုရွှေကျင်ရပ်၊ မဟာဓမ္မိကာရာမ ရွှေကျင်တိုက်မကြီး၏ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတဘဒ္ဒန္တထုတိဝရ အမှူးပြု၍ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲများ ကြီးကြပ်ရေးဆရာတော်ကြီးများ၊ အဖွဲ့ဝင်ဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှင့်ပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများမှတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြည်ညိုကာ နမောတဿသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်သည်။