သတင်းများ

မုံးထမြို့‌ အောင်သိဒ္ဓိ‌ဘုန်းကြီးကျောင်း၌ စတုတ္ထအကြိမ်မြောက်‌ ‌နေ့/ညအသံမစဲ မဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ
Mar 06,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံခရိုင်၊ မုံးထမြို့ရှိ အောင်သိဒ္ဓိဘုန်းကြီးကျောင်း၌ စတုတ္ထအကြိမ်မြောက် နေ့/ညအသံမစဲ မဟာပဋ္ဌာန်းအဘိဓမ္မာ (၇) ကျမ်း ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ဝါးခယ်မမြို့နယ်တွင် (၇၉) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများကျင်းပပြုလုပ်
Mar 06,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် အခြေခံပညာဦးစီးဌာနတို့ပူး‌ပေါင်း၍ ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က (၇၉) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဟောပြောပွဲ၊ နံရံကပ်စားစောင်၊ စာအုပ်စာစောင်ပြပွဲများ၊ ပုံပြင်ပြော၊ ကဗျာရွတ်၊ စာစီစာကုံး၊ ပန်ချီနှင့်ဉာဏ်စမ်းပဟေဋိပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့သည်။
သာပေါင်းမြို့နယ် တည်ဆောက်ရေးလုပ်ငန်းစစ်ဆေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ အမှတ်(၁၂)မြောင်းကူး ကွန်ကရစ် (ကုန်ထုတ်တံတား) တည်ဆောက်ရေးလုပ်ငန်းခွင်အား ကြည့်ရှုစစ်ဆေး
Mar 06,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် တည်ဆောက်ရေးလုပ်ငန်း စစ်ဆေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌမှ မတ်လ ၃ ရက်နေ့၊ညနေ ၃ နာရီခွဲအချိန်က ဂုံမင်း ကျေးရွာအုပ်စု၊ သဲဗွက်ကျေးရွာရှိ အမှတ် (၁၂) မြောင်းကူးကွန်ကရစ် (ကုန်ထုတ်တံတား) တည်ဆောက်ရေးလုပ်ငန်းခွင်အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
စစ်ကိုင်းမြို့တွင် ပြည်သူများအလုပ်အကိုင်ရရှိရေး မုန့်မျိုးစုံထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်
Mar 06,2024
စစ်ကိုင်းခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှကြီးမှူး၍ ရပ်ကွက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိရေး မုန့်မျိုးစုံထုတ်လုပ်မှု နည်းပညာပေးသင်တန်းဖွင့်ပွဲကို ယမန်နေ့ကအဆိုပါရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
ကန့်ဘလူမြို့နယ်၌ ကလေးငယ်များနှင့်ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးဆက်လက်ထိုးနှံ တိုက်ကျွေးလျက်ရှိ
Mar 06,2024
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် အသက် ၂ နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိ ရာ မတ် ၁ ရက်နေ့မှယမန်နေ့ကအထိ အသက်၂ နှစ်အောက် ကလေးငယ် ၂၄၀ နှင့်ကိုယ်ဝန်ဆောင်မိခင် ၁၀၂ တို့ကို ထိုးနှံပေးပြီးကြောင်း သိရသည်။
ဝါးခယ်မမြို့နယ်တွင် ဗုဒ္ဓဘာသာယဥ်ကျေးမှုသင်တန်းနှင့် အင်္ဂလိပ်စာအခြေခံသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
Mar 06,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့ မြို့နယ်သံဃနာယအဖွဲ့၏ဦးဆောင်မှုဖြင့် ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်တန်းနှင့်အခြေခံအင်္ဂလိပ်စာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က ဝါးခယ်မမြို့မင်းပိုင်းရပ်ကွက် ကွမ်းခြံကုန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
မီးဘေးကြိုတင် ကာကွယ်ရေး လုပ်ငန်းများ စဥ်ဆက်မပြတ် ဆောင်ရွက်
Mar 06,2024
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်အတွင်း မီးလောင်မှု/မီးလန့်မှုများ လျော့နည်းကျဆင်းရေးအတွက် မီးသတ်ဦးစီးဌာနအနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မိုးကြိုးလွှဲတပ်ဆင်မှုလုပ်ငန်းများဆောင်ရွက်ပြီးစီးမှု ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး
Mar 06,2024
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ရှေးဟောင်းဘုရား(၁၁)ဆူကို မိုးကြိုးလွှဲတပ်ဆင်လျက်ရှိရာ မိုးကြိုးလွှဲတပ်ဆင်မှုလုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများအား ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့်မြို့နယ်စီမံအဖွဲ့ဝင်များမှ ယနေ့နံနက် ၈ နာရီအချိန်က ဆောင်ရွက်ပြီးစီးမှုအခြေအနေများ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။