စလင်းမြို့နယ်တွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်

စလင်း မတ် ၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ပတ္တမြားအစည်းအဝေးခန်းမဆောင်၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ ဦးနေလင်းနိုင်က အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ဝင် မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်သူက အဂတိလိုက်စားမှုဆိုင်ရာအကြောင်းအရာများကို ရှင်းလင်းပြောကြားခြင်း မြို့နယ်အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ဝင် မြို့နယ်ဥပဒေအရာရှိ ဦးရန်အောင်က အဂတိလိုက်စားမှုဥပဒေဆိုင်ရာများနှင့်ပတ်သက်၍ အသိပညာပေးပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသူများက ရှင်းလင်းဆွေးနွေးပြော ကြားမှုများအပေါ် သိရှိလိုသည်များကို မေးမြန်းကြရာ သက်ဆိုင်ရာအဖွဲ့ဝင်အသီးသီးက ပြန်လည်ဖြေကြားခဲ့သည်။

အခမ်းအနားသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများအား အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

(မောင်လွင်)စလင်း