ချမ်းအေးသာစံမြို့နယ် Community Centre တွင် ကျောင်းသား၊ ကျောင်းသူများအား အခြေခံပန်းချီပညာသင်တန်း ဖွင့်လှစ်

ချမ်းအေးသာစံ မတ် ၆

ကျောင်းသား၊ ကျောင်းသူများအား နွေရာသီကျောင်းပိတ်ရက်အတွင်း အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်နှင့် ပန်းချီပညာအခြေခံများတတ်မြောက်စေရန်အတွက် ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre တွင် အခြေခံပန်းချီပညာရက်တိုသင်တန်းကို မတ်လ (၆)ရက်နေ့ နံနက်(၉)နာရီမှ စတင်ကာ သင်ကြားဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ဦးစွာ အခြေခံပန်းချီပညာသင်တန်းဖွင့်ပွဲကိုကျင်းပရာ ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထွန်းထွန်းနိုင်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ပန်းချီဆရာ ဦးဖိုးချစ်က  သင်တန်းတွင် သင်ကြားသွားမည့် အခြေခံပန်းချီပညာရပ်များနှင့် သင်ကြားပြသမည့် နည်းစနစ်များကို ရှင်းလင်းပြောကြားကာ သင်တန်းကို ဆက်လက်ပို့ချဆွေးနွေးခဲ့သည်။

အဆိုပါ သင်တန်းတွင် ချမ်းအေးသာစံမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ (၂၀)ဦး တက်ရောက်လျက်ရှိပြီး သင်တန်းကို မတ်လ (၆)ရက်နေ့မှ စတင်ကာ (၁၂)ရက်နေ့အထိ (၅)ရက်တိုင် ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထွန်းထွန်းနိုင်