ထို့ကော်ကိုး-ကျော်ခိုလမ်းကွန်ကရစ်ခင်းခြင်းနှင့် ကောကရိတ်မြို့နယ် နဘူးအ.ထ.ကကျောင်းသို့ ဝင်ရောက်ကြည့်ရှု၊ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်စွာဖြေဆိုနိုင်ရေး ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Mar 06,2024
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်အဖွဲ့သည် ယနေ့နံနက် (၉)နာရီအချိန်တွင် ကော့ကရိတ်မြို့နယ်ရှိ ထို့ကော်ကိုးဒေသသို့ရောက်ရှိ၍ KNU/KNLA ငြိမ်းချမ်းရေးကောင်စီဥက္ကဋ္ဌ ဦးစောထော့လေး၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာနော်ကပေါ်ထူးတို့နှင့် တွေ့ဆုံကာ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးခဲ့ပြီး ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့အား အမှတ်တရပစ္စည်းများ ပေးအပ်ခဲ့သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အတူ KNU/KNLA ငြိမ်းချမ်းရေးကောင်စီဥက္ကဋ္ဌ လိုက်ပါလျက် ထို့ကော်ကိုး-ကျော်ခိုလမ်း (၁၈/၄)မိုင်အနက် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း (၃/၀)မိုင် ဆောင်ရွက်ပြီးစီးမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး မိုင်တိုင်အမှတ် ၆/၆ နှင့် ၆/၇ ကြားရှိ ၂၀၂၄ခုနှစ် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ဖြည့်စွက်ရန်ပုံငွေဖြင့် ဆောင်ရွက်သော ကျောက်ခင်းမြေထိန်းနံရံ ၄ဝဝ ပေ ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး၍ ကရင်ပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ညွှန်ကြားရေးမှူးဦးအောင်ထွဋ်က ထို့ကော်ကိုး-ကျော်ခိုလမ်း ဖြည့်စွက်ဆောင်ရွက်ပြီးစီးသည့် အခြေအနေများကို မြေပုံကားချပ်ဖြင့် ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။