ကျွန်းစု မတ် ၅
၂၀၂၄ခုနှစ်၊ မတ်လ(၁၁)ရက်နေ့မှ (၁၉)ရက်နေ့အထိ ပညာရေးဝန်ကြီးဌာန မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ တက္ကသိုလ်ဝင်စာမေးပွဲကြီးကို ကျင်းပပြုလုပ်မည်ဖြစ်ရာ တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်ရှိ ကျောင်းသား၊ ကျောင်းသူ (၂၇၄)ဦး ဝင်ရောက်ဖြေဆိုမည် ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကျွန်းစုမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲကို အ.ထ.က-ကျွန်းစု စာစစ်ဌာန၌ အတွင်းဖြေ ကျောင်းသား(၉၈)ဦး၊ ကျောင်းသူ (၁၄၈)ဦးနှင့် ပြင်ပမှဖြေဆိုရန်ကျောင်းသား(၅)ဦး၊ ကျောင်းသူ(၂၃)ဦး၊ စုစုပေါင်း(၂၇၄)ဦးတို့က ဝင်ရောက်ဖြေဆိုနိုင်ရန် လျှောက်လွှာများ တင်လျှောက်ထားကြရာ တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီး အဆင်ပြေအေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်း၍ ဆောင်ရွက်ထားရှိကြောင်း သိရသည်။
ထက်မြင့်(ကျွန်းစု)