သတင်းများ

ကျောက်တလုံးကြီးမြို့တွင် ပြည်သူ့စစ်မှုထမ်းဉပဒေဆိုင်ရာ သိကောင်းစရာဆွေးနွေးပွဲ ကျင်းပ
Mar 06,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများဆွေးနွေးပွဲကို မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်သည်။
လွိုင်လင်မြို့တွင် တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် စာစစ်ဌာန၌ မီးဘေးလုံခြုံရေး စစ်ဆေး
Mar 06,2024
၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့် ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့စာစစ်ဌာနတွင် စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား/သူများ စိတ်အေးချမ်းမြေ့စွာ ဖြေဆိုနိုင်ရေးအတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနအသီးသီးမှ တာဝန်ရှိသူများသည် ယနေ့နံနက် (၁၀)နာရီက လွိုင်လင်မြို့ အ.ထ.က(၂) စာစစ်ဌာနတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် အ.ထ.က ကျေးသီးစာစစ်ဌာန၌ မီးဘေးလုံခြုံစေရန်အတွက် တာဝန်ရှိသူများမှ ကြည့်ရှုစစ်ဆေး
Mar 06,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ ကျေးသီးမြို့တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် စီစဉ်ထားရှိသော အ.ထ.က ကျေးသီးစာစစ်ဌာန၌ မီးဘေးလုံခြုံစေရန်နှင့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးထူးထက်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလူလှ၊ မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးမြင့်ဝင်းကြိုင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက မြေပြင်ကွင်းဆင်း ကြည့်ရှုခဲ့ကြသည်။
သရက်မြို့ ပြည်သူ့ဆေးရုံတွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ကျန်းမာရေးစစ်ဆေးပေးပြီး ဆေးကုသမှုများ ဆောင်ရွက်ပေး
Mar 06,2024
မကွေးတိုင်းဒေသကြီး သရက်မြို့နယ်အတွင်းရှိ ခရိုင်ကုသရေးဦးစီးဌာနမှ ကြီးမှူး၍ မြို့နယ်အတွင်းရှိ နိုင်ငံဝန်ထမ်းအငြိမ်းစားများအား သွေးတိုးရောဂါ၊ သွေးချိုဆီးချိုရောဂါ၊ နှလုံးရောဂါများအား အခမဲ့စစ်ဆေးပေးခြင်း၊ ဆေးကုသပေးခြင်းကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း အငြိမ်းစားဝန်ထမ်းများအား အခမဲ့စစ်ဆေးပေးလျက်ရှိပြီး ယနေ့ နံနက်၉နာရီခွဲအချိန်က ခရိုင်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ဆောင်ရွက်ပေးခဲ့သည်။
မင်းလှမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကျင်းပမည့် စာစစ်ဌာနများအား ကြည့်ရှုစစ်ဆေး
Mar 06,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကျင်းပမည့် စာစစ်ဌာနများအား တည်ငြိမ်အေးချမ်း အောင်မြင်စွာ ဖြေဆိုနိုင်ရန်အတွက် ယမန်နေ့နေ့လယ် (၁)နာရီချိန်က မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့နှင့် တာဝန်ရှိအဖွဲ့က လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
လိပ်သိုဒေသတွင် မရမ်းသီးများ လှိုင်လှိုင်ထွက်ရှိချိန် ဈေးနှုန်းများကျဆင်း
Mar 06,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသသည် တောင်ကုန်း၊ တောင်တန်းထူထပ်ပေါများသောဒေသဖြစ်ပြီး ဒေသခံပြည်သူများမှာ ဥယျာဉ်ခြံလုပ်ငန်းဖြစ်သော နှစ်ရှည်သီးနှံပင်များကို အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ နှစ်ရှည်သီးနှံဖြစ်သည့် မရမ်းသီးများသည် ယခုအချိန်တွင် အသီးများလှိုင်လှိုင်ထွက်ရှိပြီး ဒေသခံပြည်သူများက ဆွတ်ခူးရောင်းချရာတွင် ဈေးနှုန်းကျဆင်းလျက်ရှိကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်း သဘောတူစာချုပ်များကို ပြင်ဆင်သည့် ပထမအကြိမ်ပြင်ဆင်ချက်စာချုပ်များအား လက်မှတ်ရေးထိုးချုပ်ဆိုမည့်အခမ်းအနားသို့ တက်ရောက်
Mar 06,2024
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် Petro & Trans Co.,Ltd တို့အကြား ချုပ်ဆိုခဲ့သည့် ထားဝယ်ခရိုင်နှင့် မြိတ်မြို့နယ်တို့အတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်း သဘောတူစာချုပ်များကို ပြင်ဆင်သည့် ပထမအကြိမ်ပြင်ဆင်ချက်စာချုပ်များအား လက်မှတ်ရေးထိုးချုပ်ဆိုမည့်အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပသည်။
ပျဉ်းမနားမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစမှ အသက် ၂ နှစ်အထိ ကလေးများအား လစဉ်ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိ
Mar 06,2024
ပျဉ်းမနားမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစမှ အသက် ၂ နှစ်အထိ ကလေးများအား လစဉ်ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ရန်အောင်-၂ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ထိုးနှံပေးခဲ့သည်။