သတင်းများ

ပွင့်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများ မဲဇလီရေလွှဲဆည်ရေဖြင့် နွေစပါးသီးနှံ စတင်စိုက်ပျိုး
Mar 06,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများက နွေသီးနှံလျာထားဧက ပြည့်မီစေရေးအတွက် မဲဇလီရေလွှဲဆည်ရေဖြင့် ယခု မတ်လဆန်းမှ စတင်၍ နွေစပါးသီးနှံများ စိုက်ပျိုးလုပ်ကိုင်နေကြပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မင်းလှမြို့နယ်‌ ကိုင်းကျေးရွာတွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ဆွေးနွေးပွဲပြုလုပ်
Mar 06,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၊ ကိုင်းကျေးရွာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများမှ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ဆွေးနွေးပွဲကို ယနေ့ နံနက် (၉) နာရီခွဲကကျေးရွာဓမ္မာရုံ၌ ပြုလုပ်ခဲ့သည်။
ငဖဲမြို့နယ် အောင်ပင်လယ်ကျေးရွာတွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ အသိပညာပေးဆွေးနွေး
Mar 06,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တွင် ဒေသခံပြည်သူများ ပြည်သူ့စစ်မှုထမ်းဥပဒေအကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်နှင့် ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ ရပ်ကွက်/ကျေးရွာများအရောက် ကွင်းဆင်းအသိပညာပေး ဆောင်ရွက်လျက်ရှိရာ ယနေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန်က ပေါင်းကလေးကျေးရွာအုပ်စု အောင်ပင်လယ်ကျေးရွာဓမ္မာရုံ၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးအကောင်အထည်ဖော်ဆောင်ရွက်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ (၃/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Mar 06,2024
အသက်(၁၅)နှစ်နှင့်အထက်လူငယ်၊ အရွယ်ရောက်ပြီးသူများနှင့် သက်ကြီးပိုင်းအရွယ်များကို ဦးတည်အုပ်စုအနေဖြင့် ရုံးသုံးစာဖြစ်သော မြန်မာစာ၊ မြန်မာစကား အရေး၊ အဖတ်မတတ်သူများ၊ အခြေခံသင်္ချာဘာသာရပ်မတွတ်ချက်တတ်သူများကို ရက်ပေါင်း(၄၀)၊ နာရီပေါင်း (၁၂၀)ကြာ စာတတ်မြောက်ရေးလုပ်ငန်း သင်ကြားပေးနိုင်ရန် ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးအကောင်အထည်ဖော်ဆောင်ရွက်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ၏ (၃/၂၀၂၄) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မတ်လ ၆ ရက်နေ့ နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။
ထားဝယ်မြို့တွင် ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် သုတ/ရသစာအုပ်စာစောင်များ ငှားရမ်းပေး
Mar 06,2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဒေသခံပြည်သူများအား စာပေဖတ်ရှုသည့်အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန်၊ ခရိုင်ပြည်သူ့စာကြည့်တိုက်သို့ လာရောက်မငှားရမ်းနိုင်သည့် ရပ်ကွက်များသို့ ရွေ့လျားစာကြည့်တိုက် Mobile Library Bus ဖြင့် သုတ/ရသစာအုပ်စာစောင်များ တင်ဆောင်၍ လှည့်လည်ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ထားဝယ်မြို့၊ သမဝါယမဦးစီးဌာနရုံးနှင့် မီးသတ်ဦးစီးဌာနရုံးသို့ သုတ/ရသစာအုပ်စာစောင်များ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ရေတာရှည်မြို့နယ်၌ မြန်မာရိုးရာ မဟာသင်္ကြန် အောင်မြင်စွာ ကျင်းပနိုင်ရေး ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်
Mar 06,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ဆင်နွှဲနိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူး၍ စီစဥ်ကျင်းပနိုင်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ ၂ဝ၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုမည့်သူ ကျောင်းသား/ကျောင်းသူ (၇၄၀) ဦးရှိ
Mar 06,2024
မြန်မာနိုင်ငံတစ်ဝန်းရှိ စာစစ်ဌာနများတွင် ၂ဝ၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ (၁၁) ရက်နေ့မှ (၁၉) ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ပင်းတယမြို့နယ်နှင့် ရွာငံမြို့နယ်တို့မှ ဝင်ရောက်ဖြေဆိုမည့်သူ ကျောင်းသား၊ ကျောင်းသူ (၇၄၀) ဦးရှိကြောင်း ဒေသပညာရေးမှူးရုံးမှ သိရသည်။
ညောင်ဦးမြို့နယ်၌ အသက် (၂) လမှ အသက် (၁) နှစ်‌ ခွဲအောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုး/ ဆေးတိုက်ခြင်း လုပ်ငန်းဆောင်ရွက်
Mar 06,2024
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာများရှိ အသက် (၂) လမှ အသက် (၁) နှစ်ခွဲအောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံခြင်းကို ယနေ့ နံနက်ပိုင်းက တောင်ဇင်းမိခင်နှင့် ကလေးကျန်းမာရေးဆေးပေးခန်းတွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။