သတင်းများ

ကျေးရွာလေးရွာမှ ဒေသခံပြည်သူများ သွားလာရအဆင်ပြေစေရေး ဆောင်ရွက်လျက်ရှိသည့် မိတ္ထီလာ-ကျောက်ပန်းတောင်းလမ်းမှ အိုင့်-သနပ်အိုင့်လမ်းကတ္တရာခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး
Mar 06,2024
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု (ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သော မိတ္ထီလာ-ကျောက်ပန်းတောင်းလမ်းမှ အိုင့်-သနပ်အိုင့်လမ်းအား ကတ္တရာခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန သိရသည်။
လားရှိုးမြို့တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေး စာစစ်ဌာန ကြီးကြပ်ရေးအဖွဲ့ဝင်များ အစည်းအဝေးပြုလုပ်
Mar 06,2024
၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်စွာ ဖြေဆိုနိုင်ရေးအတွက် စာစစ်ဌာနကြီးကြပ်ရေးအဖွဲ့ဝင်များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ (၂) နာရီအချိန်က လားရှိုးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။
အမှတ်( ၂) အခြေခံပညာ အထက်တန်းကျောင်း၊ ယဥ်ကျေးလိမ္မာသင်တန်းတွင် စာဖတ်ရှိန် မြင့်မားရေး ဟောပြောဆွေးနွေး
Mar 06,2024
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့၊ အမှတ် ၂ အခြေခံပညာအထက်တန်းကျောင်းတွင် ဖွင့်လှစ်လျက်ရှိသော ယဥ်ကျေးလိမ္မာ သင်တန်းသို့ ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က အမရပူရမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန် မြင့်မားရေးအကြောင်းကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ဥတ္တရသီရိမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲသို့ ကျောင်းသား/​ ကျောင်းသူ (၆၆၁) ဦး ဝင်ရောက်ဖြေဆိုမည်
Mar 06,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊  ဥတ္တရသီရိမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ မတ်လ (၁၁) ရက်နေ့မှ (၁၉) ရက်နေ့ထိ ကျင်းပမည့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၆၆၁) ဦး ဖြေဆိုခွင့်လျှောက်လွှာများ တင်သွင်းထားကြောင်း သိရသည်။
မြစ်သားမြို့နယ်တွင် မြင်းရွာကြီးကျေးရွာအုပ်စု၌ မြေအောက်‌ရေကိုအသုံးပြုပြီး စိုက်ပျိုးထားသောသင်္ဘောစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း၍ စျေးကောင်းရရှိ
Mar 06,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိ မြင်းရွာကြီးကျေးရွာအုပ်စု ကွင်းအမှတ်(၆၃၀)ကွင်း၌ ကျေးလက်နေတောင်သူများသည် မြေအောက်‌ရေကိုအသုံးပြုကာ စိုက်ပျိုးထားသောသင်္ဘောစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး စျေးကောင်းရရှိကြောင်း သိရသည်။
ဟားခါးမြို့၌ လယ်ယာမြေကို ခွင့်ပြုမိန့်မရှိဘဲ အခြားနည်းဖြင့် အသုံးပြုခြင်းများကို ဖြေရှင်းနိုင်ရန်နှင့် နောင်ထပ်မံမဖြစ်စေရေးအတွက် ထိန်းချုပ်နိုင်ရန် ဆောင်ရွက်မည့် စံပြုလုပ်ထုံးလုပ်နည်းများ ရှင်းလင်းပွဲပြုလုပ်
Mar 06,2024
လယ်ယာမြေကို ခွင့်ပြုမိန့်မရှိဘဲ အခြားနည်းဖြင့် အသုံးပြုခြင်းများကို ဖြေရှင်းနိုင်ရန်နှင့် နောင်ထပ်မံ မဖြစ်စေရေးအတွက် ထိန်းချုပ်နိုင်ရန် ဆောင်ရွက်မည့် စံပြုလုပ်ထုံးလုပ်နည်းများ ရှင်းလင်းပွဲကို ယမန်နေ့ နံနက် (၁၀) နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
နတ်မောက်မြို့နယ်၊ ရွှေကွေ့ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေထုတ်ချေး
Mar 06,2024
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် မိသားစုဝင်ငွေတိုးစီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာ စီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေ ဒသမစက်ဝန်း ထုတ်ချေးခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက ရွှေကွေ့ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မောက်မယ်မြို့နယ်၌ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူ (၄၉)ဦး ဝင်ရောက်ဖြေဆိုမည်
Mar 06,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် အခြေခံပညာဦးစီးဌာနမှ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ ၁၁ ရက်နေ့မှ ၁၉ ရက်နေ့အထိ ဖြေဆိုကျင်းပသွားမည်ဖြစ်ရာ ယခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အခြေခံပညာအထက်တန်းကျောင်း(မောက်မယ်) စာစစ်ဌာန (၁)ခုဖြင့် ဖြေဆိုကျင်းပသွားမည်ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူ (၄၉)ဦး ဝင်ရောက်ဖြေဆိုကြမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။